မြန်မာနိုင်ငံမှ ကျွဲ၊ နွားများအား တရုတ်နိုင်ငံသို့ တင်ပို့မှု အခြေအနေ

Tue, 04/09/2019 - 04:52 -- admin_ygn

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်နေသော လွတ်လပ် သည့်ဈေးကွက်ကို  ဖော်ဆောင်နိုင်ရန်နှင့် တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်းကြောင်းပေါ်သို့  ရောက်ရှိစေရန်၊ မွေးမြူရေးတောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် တောင်သူ လယ် သမားတို့၏ အကျိုးစီးပွားကို  ပိုမိုကာကွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျွဲ၊ နွားအရှင်များအား ပြည်ပသို့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရား ဝင်ခွင့်ပြုခြင်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉  ရက်တွင် ထုတ်ပြန်ကြေညာပြီး လိုင်စင်ထုတ်ပေးမှုအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၂၈ ရက်အထိ ကျွဲကောင်ရေ ၅၀၂၆၄ ကောင်၊ နွားကောင်ရေ ၄၁၃၇၈၁ ကောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်ထိ အမှန်တင်ပို့မှုမှာ ကျွဲ ၄၄၆၄၀ ကောင် ၊ နွား ၃၃၁၁၂၀ ကောင် နှင့် အသီးသီး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။       
          ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစ၍ တရုတ်နိုင်ငံလုံတောင်း ရှိ စည်သွပ်စက်ရုံ (နမ့်ခမ်းတစ်ဖက်ကမ်း)ကို စတင် စမ်းသပ်လည်ပတ်ခဲ့ ကြောင်း စုံစမ်းသိရှိရပြီး  လုံတောင်းစည်သွပ်  စက်ရုံစတင်လည်ပတ်သည် နှင့် တစ်ပြိုင်နက် တရုတ်နိုင်ငံဘက်တွင်  ကျွဲ၊ နွားများဝင်ရောက်မှုကို တရုတ် အစိုးရက ဖိဖိစီးစီး  ဖမ်းဆီးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တရုတ် ကျွဲ၊ နွားကုန်သည်များအနေဖြင့်လည်း အချိန်ကိုက်ပင် ဈေးနှိမ်ဝယ်ယူမှု များ ပြုလုပ်လာခဲ့၍  ဈေးမကိုက်မှုကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ  စတုတ္ထ ပတ်အတွင်းမှစ၍ ကျွဲ၊ နွားများ တစ်ဖက်နိုင်ငံသို့ တင်ပို့မှုလျော့နည်းကျ ဆင်းခဲ့ပြီး နေ့စဉ်မူဆယ်မြို့တစ်ဝိုက်ရှိခြံများတွင် မူဆယ်မြို့သို့လမ်းကြော င်း ပေါင်းစုံမှရောက်ရှိလာသည့် ကျွဲ၊ နွားကောင်များအနက် ၂၀၁၉ ခုနှစ် မတ် ၂၇ ရက်တွင် ၅၈၀၀ ကျော်ခန့် ကျန်ရှိလျက်ရှိပါသည်။
          တရုတ်နိုင်ငံဘက်အနေဖြင့်  မူဆယ်ကုန်သွယ်ရေးဇုန်မှ  တရားဝင် တင်ပို့မှုအပေါ် တရုတ်ဘက်မှ စည်းကမ်းတင်းကြပ်ထားပြီး တရားဝင်လမ်း ကြောင်းမှမပို့နိုင်ဘဲ ကချင်ပြည်နယ်၊ ဂိုက်ထိပ်၊ မန်ဝိန်းကြီးလမ်း၊ နမ်းခမ်း ၏မြောက်ဘက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်ရှိ မန်ဝိန်းကြီးဝန်း ကျင် တရားမဝင် ထွက်ပေါက်မှ တစ်ဖက်တရုတ်နိုင်ငံ  လုံတောင်းမြို့ရှိ ကျွဲ၊ နွားသားသတ်စက်ရုံသို့ ကျွဲ၊ နွားများကို တရုတ်ဘက်မှ ကြိုက်ဈေးနှင့် ဝယ် ယူထိန်းချုပ်နိုင်ရန် စီမံလျက် ရှိပါသည်။ သို့ဖြစ်ပါ၍  ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်မှစ၍ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ ပြည်တွင်းမှ ကျွဲ၊ နွား တင်ယာဉ်များ ဝင် ရောက်မှုလျော့ နည်းလျက်ရှိပြီး မူဆယ် မြို့ဝန်းကျင်ရှိခြံများ၌ ကျွဲ၊ နွားများ ကျန်ရှိနေသဖြင့် ကျွဲ၊ နွားကုန်သည်များအနေဖြင့် အခြေအနေအား စောင့် ဆိုင်းရန်နှင့်  ရောင်းသူစိတ်ကြိုက်ဈေးကွက်ရမှ  တင်ပို့သင့်ကြောင်းနှင့် ရောင်းသူဈေးကွက်ရရှိရေး  ဆောင်ရွက် သင့်သည့် အခြေအနေ ဖြစ်ပါသည်။

 

အေးအေးဝင်း(နယ်ရုံး)

Local Trade News

Pages