မေလအတွင်းမြေသြဇာတန်ချိန် သုံးသောင်းကျော်ဝင်

Tue, 06/14/2016 - 07:10 -- admin_ygn

       မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၃၀၂၃၀၇၅ တန်ဖိုးရှိ မြေသြဇာတန်ချိန် ၈၉၉၀ ဒသမ ၂၂၅ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မှာ တရုတ်နိုင်ငံမှ ၄၀၈၅ ဒသမ ၅၄၅ တန်၊ စင်ကာပူမှ ၃၄၇၇ဒသမ ၅၈၄ တန်၊ ထိုင်းနိုင်ငံမှ ၁၁၇၀ဒသမ ၄၁၆ တန်၊ ယူနိုက်တက်ကင်းဒမ်းမှ ၄ ဒသမ၆၈ တန်နဲ့ဗီယက်နမ်မှ၂၅၂ တန် တင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုး အစားများမှာ ကွန်ပေါင်း၊ ယူရီးယား၊ နိုက်တြို ဂျင်၊ ဓာတ်ဆား၊Jinkia ၊ Carbonk ၊ Foliar၊၊ Bulk Blend စတဲ့မြေသြဇာတံဆိပ်များ ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး ဒုတိယ အများဆုံးမှာ စင် ကာပူဖြစ်ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၄၉၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၄၀၄၀ ကျော်ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလ အတွင်း မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၁၁၁၀၀  ကျော်ရှိခဲ့ပြီး မေလအတွင်း မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၃၂၇၀၀ ကျော် တင်သွင်းခဲ့တာကြောင့် မေမှာ တန်ချိန် ၂၁၆၀၀ ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)