မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းနက်တစ်မျိုးသာ ဈေးမာ

Wed, 08/31/2016 - 08:28 -- admin_ygn

         မုံရွာကုန်စည်ဒိုင် သြဂုတ်လ လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် ဝယ်လိုအားရှိတဲ့ နှမ်းနက်တစ်မျိုးသာ ဈေးမာခဲ့သလို အရောင်းအဝယ်လည်းသွက် ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံဈေးကွ က်မှာ နှမ်းဖြူ တစ် တင်း ကျပ် ၃၀၀၀၀ မှ ၃၁၀၀၀ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက် အိတ် ၁၀၀ ခန့် နှမ်းညို (သစ်) ဟာ တစ်တင်း ၂၃၅၀၀ မှ ၂၄၃၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၁၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် နှမ်းနက်ကတော့ တရုတ် ဝယ်လက်ရှိလို့ တစ်တင်းကျပ် ၅၀၀၀၀ ဝန်းကျင်မှာ ဈေးမာခဲ့သလို  တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
         ယခုတစ်ပတ်  မြေပဲဆန်ဈေးကွက်မှာ ဈေးဆက်လက်အေးခဲ့ရာ မြေပဲ ဆန်(နီ) မှာ တစ်ပိဿာ ၂၅၂၅ ကျပ်မှ ၂၃၀၀ ကျပ်၊  မြေပဲဆန်ဖြူမှာ တစ်ပိဿာ ကျပ် ၂၃၀၀ မှ ၂၁၂၅ ကျပ်နဲ့ ဆီဆန်မှာ တစ်ပိဿာ ၁၉၅၀ ကျပ်မှ ၁၈၅၀ ကျပ် အ သီးသီးကျဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ်ရက်မြေပဲဆန်မျိုးစုံ အိတ် ၅၀၀ မှ ၇၀၀ ကြားဖြစ်နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ

Local Trade News