မုံရွာကြက်သွန်နီဈေးနှုန်း ဆက်လက်ကျဆင်း

Tue, 02/21/2017 - 04:47 -- admin_ygn

      မုံရွာ(ပွဲရုံ) စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီတတိယပတ်မှာ ကြက်သွန်နီဈေးနှုန်း ဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။ မိုးကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများလာကာ နေ့စဉ် ပိဿာ ၂၀၀၀၀ ကျော်အဝင်ရှိပြီး ဈေးဆက်လက်ကျဆင်းသွားကြောင်း ကြက်သွန်နီပွဲရုံမှ သိရှိရ ပါတယ်။ ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကားတစ် ပိဿာ(ကြီး)ကျပ်၁၁၀၀၊ (လတ်)ကျပ် ၁၀၀၀၊ (သေး) ကျပ် ၉၀၀ နှုန်းရှိပြီး လက်လီ ဈေးနှုန်းတစ်ပိဿာ(ကြီး) ကျပ် ၁၄၀၀၊ (လတ်)ကျပ်၁၃၀၀၊ (သေး)ကျပ် ၁၂၀၀နှုန်း ဖြစ်ပြီး ယခင်တစ်ပတ်ပွဲရုံပေါက်ဈေးမှာတစ်ပိဿာ(ကြီး)ကျပ် ၁၄၀၀၊(လတ်) ကျပ် ၁၃၀၀၊(သေး)ကျပ် ၁၂၀၀၊လက်လီဈေးနှုန်း တစ်ပိဿာ(ကြီး) ကျပ် ၁၆၀၀၊ (လတ်) ကျပ် ၁၅၀၀၊ (သေး) ကျပ် ၁၄၀၀ အသီးသီးရောင်းဝယ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်းကျပ် ၂၀၀ ဝန်းကျင်ကျဆင်းသွားကြောင်း သိရှိရပါတယ်။ကြက်သွန်ဖြူေ ဈး ကွက်တွင် ကြက်သွန်ဖြူအသစ်များကို ရွှေဘို၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တို့မှ နေ့စဉ်ပိဿာ ၁၅၀၀၀ ခန့်ဝင်ရောက်လာကြောင်း  သိရ ပါတယ်။ ယခုတစ်ပတ်ကြက်သွန်ဖြူ(ဟောင်း) တစ်ပိဿာဈေးနှုန်းမှာ ပွဲရုံဈေး (ဗမာ)ကျပ် ၅၅၀၀၊ (ရှမ်း) ကျပ် ၄၈၀၀၊ လက်လီကတော့ တစ်ပိဿာ(ဗမာ)ကျပ် ၆၀၀၀၊ (ရှမ်း)ကျပ် ၅၅၀၀ဖြစ်ပြီးအသစ်လက်ကားဈေးနှုန်းမှာ (ဗမာ) ကျပ် ၄၅၀၀၊ လက်လီဈေးနှုန်း (ဗမာ) ကျပ် ၄၈၀၀၊ (ရှမ်း) ကျပ် ၄၀၀၀ နှုန်းပေါက်လျက်အရောင်း အဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း မုံရွာကြက်သွန်နီပွဲရုံမှ သိရပါတယ်။

 

ကြည်ကြည်နွယ်(မုံရွာ)

Local Trade News

Pages