မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ တတိယပတ် ပဲဈေးကွက် ဒေသသုံးပဲအချို့ ဈေးတက်လာ

Fri, 12/02/2016 - 07:16 -- admin_ygn

          မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ တတိယပတ် ပဲဈေးကွက် မှာ မနှစ်က ဆောင်းပဲတွေ  ဒိုင်မှာ လက်ကျန်နည်းလာသလို ဝယ်လိုအားကောင်းတဲ့ဒေသသုံး  ပဲတွေဖြစ်ကြတဲ့ ပဲနီလုံး ကြား၊ ပဲပုပ်စေ့နဲ့ ကုလားပဲမျိုးစုံတို့ ဈေးတက် ခဲ့တာ တွေ့ရပါ တယ်။ ကုလားပဲဈေးကွက်မှာ ဒေသတွင်းလုပ်ငန်းသမားတွေ ဖြစ်ကြတဲ့ အမှုန့်ကြိတ်စက်၊ ပဲခွဲစက်နဲ့   ကြာဆန်စက်သမားတို့ ပုံမှန်ဝယ်လို အားရှိတာကြောင့် V2 တစ်တင်း ကျပ် ၄၇၀၀၀၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၆၀၀၀ နဲ့ 929 တစ်တင်း ကျပ်၄၅၃၀၀ အသီးသီး အမြင့်ဈေးပေါက်ခဲ့ပြီး လက်ကျန်ရှိတဲ့  V2 နဲ့ 929 တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒေသတွင်း လက်လီအသုံးများပြီး  ပဲလက်ကျန် နည်း လာတဲ့ ပဲနီလုံးကြားမှာ ယခုတစ်ပတ်အတွင်း တစ်တင်း ကျပ်၂၀၀၀၀အထိ အမြင့်ဈေးရပြီး တစ်ရက်အိတ် ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့သလို ပဲပုပ်စေ့လည်း တစ်တင်း ကျပ် ၁၇၅၀၀ မှ ကျပ်၂၀၀၀၀အထိ ဈေးမြောက်ကာ တစ်ရက်အိတ် ၁၀၀ကျော် အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ကြားသိရပါ တယ်။
            ယခုတစ်ပတ်မှာ ငုံနီဈေးကွက် ဆက်လက်ပျောက်နေခဲ့ကာ တစ်တင်း ကျပ် ၂၈၂၀၀ မှ ၂၈၅၀၀ အတွင်း ဈေးအေးနေပြီး တစ်ရက်အိတ် ၁၀၀ ဝန်းကျင်သာ အရောင်းအဝယ်ရှိခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းဈေးကွက်မှာေ တာ့ ပဲဝင်ရောက်မှုမရှိ သလောက်နည်းခဲ့ရာ စိမ်းကြီးသာတစ်တင်း ကျပ် ၂၅၀၀၀ ဈေးပေါက်နေပြီး တစ်ရက်အိတ် ၁၅၀ စီနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  မတ်ပဲဈေးကွက်မှာလည်း ယခုမှ ပဲအသစ် စတင်ဝင်ရောက် လာခဲ့ပြီး တစ်တင်း ကျပ် ၃၅၀၀၀ ဈေးပေါက်ခဲ့ကာ   အဟောင်းတစ်တင်း ကျပ် ၄၀၀၀၀ ဈေး ပေါက်ခဲ့ပြီး တစ်ရက် အိတ် ၁၀၀ခန့်သာအရောင်းအဝယ် ဖြစ် ခဲ့တယ်လို့ ဒိုင်ရပ်ကွက်မှ သိရပါတယ်။
         အခြားပဲမျိုးစုံ ဈေးကွက်မှာလည်း  ပဲသစ်စိုက်ပျိုးချိန် ရာသီဖြစ်လို့ ပဲဟောင်းလက်ကျန် နည်းချိန်ဖြစ်ရာ ဒေသသုံးပဲ လက်လီအများစု ဆက်လက်ဈေးမာနေတာတွေ့ရပါတယ်။ ထောပတ်ပဲတစ်မျိုးသာ တစ်တင်း ကျပ် ၁၅၀၀၀ ေ ဈးမှာ တန့် နေခဲ့ပြီး ပဲကြီးကတစ်တင်းကျပ် ၂၆၅၀၀၊ စွန်တာနီတစ်တင်း ကျပ် ၁၆၅၀၀၊ မလွမ်းပို  ကျပ် ၂၀၅၀၀၊ ပုဂံပဲတစ်တင်း ကျပ်၂၅၀၀၀၊ မြေထောက်ပဲ တစ်တင်းကျပ် ၂၇၀၀၀ နဲ့ ပဲယင်း (ဝါ) တစ်တင်း ကျပ်  ၁၆၀၀၀  အသီး သီး ပေါက်ဈေးမာနေခဲ့ကာ ပဲတစ်မျိုး တစ်ရက် လက်လီအိတ် ၁၀၀ ဝန်းကျင် အရောင်း အဝယ် ပုံမှန်ဖြစ်နေတယ်လို့   မုံရွာကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင် (မုံရွာ)