မအူပင်ရွှေတောင်မှော်ကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာတွင် မွေးမြူရေးဖား အောင်မြင်ဖြစ်ထွန်း၍ အကျိုးအမြတ်ရရှိနေ

Tue, 02/06/2018 - 07:57 -- admin_ygn

      မအူပင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့ နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  မအူပင်မြို့နယ် ရွှေတောင် မှော်ကျေးရွာအုပ်စု ညောင် ပင်ဝိုင်းကျေးရွာ၊ မအူပင်-မော်လမြိုင် ကျွန်း ကားလမ်းဘေးရှိ ဖားမွေးမြူေ ရး အခြေအနေအား ဇန်နဝါရီ ၃၀ ရက် တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ ကြောင်းသိရသည်။ ကွင်းဆင်းလေ့လာမှုပြုရာတွင် မွေးမြူရေးဖားတစ်ကောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် မျိုးကို ခရမ်းသုံးခွမြို့မှ ဝယ်ယူပြီး အနံ ၁၀ ပေ၊ အလျားပေ ၄၀၊ အမြင့် ခြောက်ေ ပရှိ အုတ်ကန်အတွင်း တွင် ဖားအကောင်ရေ ၂၅၀၀ ကို မွေး မြူထားကြောင်း ဖားစာတစ်အိတ်လျှင် ကျပ်၂၀၀၀၀ နှုန်း၊ တစ်လလေးအိတ် နှုန်းကျွေးရသဖြင့် သုံးလကြာသော အခါ ရောင်းတန်းဝင်ဖားများ ရရှိ ကြောင်း မွေးမြူသူဦးဝင်းရှိန်၏ ပြောပြ ချက်အရ သိရှိရပါသည်။သုံးလကြာ မွေးမြူပြီးသောအခါ သုံးကောင်လျှင် တစ်ပိဿာနှုန်း ရရှိပြီး တစ်ပိဿာလျှင်ကျပ် ၈၀၀၀ နှုန်းဖြင့် ရောင်းချရသဖြင့် အကျိုးအမြတ်များစွာ ရရှိသောကြောင့် မွေးမြူသင့်သော လုပ် ငန်းဖြစ်ကြောင်း သိရှိရပါသည်။

 

CONSUMER- MT

Local Trade News

Pages