ဗီယက်နမ်မှ ငါးရှဉ့်မျိုးများ တင်သွင်း၍ သားပေါက်လုပ်ငန်း စမ်းသပ်မည်

Thu, 05/23/2019 - 06:12 -- admin_ygn

            ဗီယက်နမ်နိုင်ငံမှ ငါးရှဉ့်မျိုး အကောင်ရေ အစုံ ၂၀၀ တင်သွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးရှဉ့်သားပေါက်လုပ်ငန်းကို စမ်းသပ် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရ သည်။ "အခုလို ဗီယက်နမ်က တင်သွင်း ဖို့အတွက်ကို ကျွန်မတို့အနေနဲ့ ဒီတစ်ပတ်ထဲမှာ စာချုပ် ချုပ်မယ်။ ပြီးရင် သား ဖောက်ဖို့လုပ်မယ်။ မြေကလည်း ရပြီ။ မြေအသုံးချမှုကို research လုပ်တာကြာတယ်။ အခု လုပ်ခွင့်ရပြီ ဆိုတော့ ကြိုး ကြိုးစားစားနဲ့ လုပ်သွားမှာပါ။ ငါးရှဉ့် အပြင် သားပေါက်တွေ ထွက်လာရင် စားတဲ့ အစာအရှင်ကိုလည်း ထုတ်ရမှာ ဖြစ်ပါတယ်"ဟု အဆိုပါ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က မေ ၁၅ ရက်တွင် ပြောသည်။
        လက်ရှိ တင်သွင်းမည့် ငါးရှဉ့်မျိုး အကောင်ရေ အစုံ ၂၀၀ ကို မေလ သို့မဟုတ် ဇွန်လအတွင်း တင်သွင်းသွား မည်ဖြစ်ကာ ယခုကဲ့သို့ စမ်းသပ်ခြင်းမှ ရရှိသော ငါးရှဉ့်သားပေါက်များအတွက် လိုအပ်သော အစာအရှင်ကို လည်း ထုတ် လုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။ ယင်းသို့ ငါးရှဉ့်သားပေါက်များ သုတေသန စမ်းသပ်ဆောင်ရွက်ခြင်းကို ရန်ကုန်တက္က သိုလ် သတ္တဗေဒဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ပြီး ငါးလုပ်ငန်း ဦးစီးဌာနမှလည်း ပူးပေါင်း ဆောင်ရွက် သင့်သည်ဟု ဆိုသည်။
      " ပြည်တွင်းမျိုးကို စမ်းသပ်နေ တာလည်း မရပ်ပါဘူး။ အခု ပြည်တွင်း မျိုးလည်း ရှိနေတော့ သူ့ကိုလည်း ဆေး ထိုးဖို့ လုပ်နေတယ်။ ဗီယက်နမ်က တင်သွင်းမယ့် အစုံ ၂၀၀ ကိုလည်း ၁၀၀ စီ ခွဲလိုက်မယ်။ အစုံတစ်ရာကို ဆေးတစ် မျိုးထိုးမယ်။ ဘယ်ဟာက သားပေါက် နှုန်းကောင်းလဲဆိုတာ သုတေသန လုပ် ပြီးတော့ ရလာတဲ့ သားပေါက်ကို ကိုယ့် ဟာကိုယ် ပြန်မွေးမယ်။ ပြန်ဖောက်လို့ ရအောင်ပဲ လုပ်ဆောင်မယ်။ အဲဒါမှလည်း မွေးမြူရေး အတွက် များများ စားစား ထုတ်လို့ရမှာပါ"ဟု ဒေါက်တာ တိုးနန္ဒာတင်က ဆက်လက် ပြောကြား သည်။
         ၂၀၁၇ ခုနှစ်အတွင်းက မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များသည် ဗီယက်နမ်နိုင်ငံသို့ သွား ရောက်ကာ ငါးရှဉ့်သားဖောက်မှု နည်း ပညာကို လေ့လာခဲ့ပြီးနောက် ပထမ အကြိမ် ငါးရှဉ့်သားဖောက်ခြင်း လုပ် ငန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် မေလအထိ ခုနစ်လအကြာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး မြေ နေရာ၌ ငါးရှည့်အစုံ ၁၀၀ကို စမ်းသပ် သားဖောက်ခဲ့ကြောင်း ၎င်းက ပြောသည်။ ယခုကဲ့သို့ ပထမ အကြိ မ် စမ်းသပ် သားဖောက်ခဲ့သော်လည်း ငါးရှဉ့်များ၏ မျိုးပွားအင်္ဂါများ ပျက်စီးနေခြင်းကြောင့် ငါးရှဉ့် နှစ်ကောင်သာ ပေါက်ဖွားခဲ့သည့် အတွက် အောင်မြင်မှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ငါးရှဉ့်တစ်ကောင်သည် အနည်း ဆုံး ဥ ၂၀၀ မှ ၁၀၀၀ အကြား ဥနိုင်သဖြင့် ယခုသားဖောက်လုပ်ငန်း အောင်မြင်ပါက တစ်ပိုင်တစ်နိုင် ငါးမွေး မြူသူများ အလွယ်တကူ မွေးမြူနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ ငါးရှဉ့်ကို တရုတ် နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု