ပြောင်းစိုက်တောင်သူများအတွက် ဝမ်းသာစရာ

Fri, 07/12/2019 - 04:38 -- admin_ygn

      ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့တွင် တံခွန်စက်မှု လက်မှု လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်ဖြန့်ချိရေးမှ ထုတ်လုပ်သော ပြောင်း အခွံခွာရန်မလိုသော  ပြောင်းခြွေလှေ့သန့်စင်စက်ကို  ပြောင်း စိုက်တောင်သူများ ဝယ်ယူနိုင်ပြီဖြစ်သည်။တံခွန်စက်မှုလက်မှုမှ ထုတ်လုပ်လျက်ရှိသော ပြောင်းဖူးခြွေလှေ့စက်မှာ မြင်း ကောင်ရေ(၂၅-၂၈) ကောင်အားပေးစက်တပ်ဆင်ထားသည်။ စက်စွမ်းအားအနေဖြင့် တစ်နာရီလျှင် ပြောင်း ဖူးဆန်တင်း(၁၀၀ မှ၁၅၀အထိ) ခြွေနိုင်ပြီး ရွှေ့ပြောင်းရ လွယ်ကူသော ဘီးတပ်ခြွေလှေ့စက်ဖြစ်သည်။  ပြောင်းခြွေလှေ့စက်၏ တန်ဖိုးမှာ အားပေးစက်အပါအဝင် ကျပ်သိန်း ၃၄  ဝန်းကျင်သာရှိသော ပြည်တွင်းထုတ်စက်ဖြစ် သည်။
       ခြွေလှေ့စက် မှာယူအသုံးပြုလိုသော တောင်သူဦးကြီးများအတွက် မှာယူ အသုံးပြုမည့် ဒေသသို့ အရောက်ပို့ဆောင်မှုပေးခြင်း၊ အသုံးပြုသော ခြွေလှေ့စက် တစ်နှစ်အတွင်း ချွတ်ယွင်းမှုရှိပါက တံခွန်စက်မှုလက်မှုမှ ပြန လ ည်ပြင်ဆင်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်သော ခြွေလှေ့စက်ဖြစ်သဖြင့် ပြောင်းအခွံခွာစရာမလိုဘဲ ခြွေလှေ့နိုင်ခြင်း၊ ခြွေလှေ့ပြီးပြောင်းဆန်များ သန့်စင် ခြင်း၊ ခြွေလှေ့သောအခွံထဲ၌ ပြောင်းဆန် အလေအလွင့်မရှိခြင်းများသည် ပိုမိုသာ လွန်သော အားသာချက်ဖြစ်သည်။ တံခွန်စက်မှုလက်မှုမှ ထုတ်လုပ်လျက်ရှိသော ပြောင်းဖူးခြွေစက်အား မှာယူလိုပါက ဦးတင့်လွင် တံခွန်စက်မှုလက်မှုလယ်ယာသုံး စက်ကိရိယာ ထုတ် လုပ်ဖြန့်ချိ ရေး၊ ဖုန်းနံပါတ် ၀၉-၅၀၃၆၈၉၀ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသိရှိရသည်။

 

နေမျိုးဝေ