ပြန်လည်မြင့်တက်လာသည့် ပြည်တွင်းရွှေဈေးကွက်

Thu, 01/30/2020 - 09:06 -- admin_ygn

    ဇန်နဝါရီ စတုတ္ထပတ်၏ ပြည်တွင်းရွှေဈေးကွက်မှာ အတက်ဘက်ကို ဦးတည် လာကြောင်း ဈေးကွက်ကျွမ်းကျင်သူတချို့က သုံးသပ်ထားကြသည်။ လတ်တလော ပြည်တွင်းရွှေဈေးကွက် အနေအထားမှာ အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၁၂၁၇၀ဝ၀ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင် များအသင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။ ကျပ် ၁၂ သိန်းဝန်းကျင်မှ တဖြည်းဖြည်းတက်ရိပ်ပြလာသည့် ပြည်တွင်းရွှေဈေး သည် ပြီးခဲ့သည့် ရက်သတ္တပတ်များနှင့် နှိုင်းယှဉ်ပါက ပြန်လည်မြင့်တက်လာကြောင်း၊ လက်ရှိ  အနေအထား အရလည်း ပုံမှန်ဝယ်လက်ရှိသည့် ရာသီမျိုးဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    ဈေးပြန်တက်တယ်ဆိုပေမယ့် အရမ်းကြီးတော့ ကွာဟမသွားပါဘူး။  အခုထိ ကျပ် ၁၂၂၀ဝ၀ဝ အတွင်းမှာပဲ ရှိသေးတယ်။ နောက်ပြီး ရာသီကိုက ရွှေပြန်ဝယ်တဲ့ ရာသီလိုဖြစ်နေတော့ အရောင်း အဝယ်ကတော့ သူ့ဘာသာရှိနေဦးမှာပါ} ဟု ပြည်တွင်း ရွှေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် နေသူတစ်ဦးက ပြောသည်။ ပြည်တွင်းရွှေဈေးကွက်တွင် ဇန်နဝါရီ ၂၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၁၂၁၃၅၀ဝ ဈေးရှိခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၁၂၁၄၀ဝ၀ သို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၄ ရက်တွင်မူ ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့်  ထုတ်ပြန်ချက် အရ အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၁၂၁၇၀ဝ၀ ဈေးရှိခဲ့ပြီး ယခုရက်သတ္တပတ် အတွင်း ကြည့်မည်ဆိုပါက ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးကွက်တွင်မူ ဇန်နဝါရီ ၂၂ ရက်က ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၅၅၈ ရှိခဲ့ရာမှ  ဇန်နဝါရီ  ၂၃ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၅၅၄ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး  ဇန်န ဝါရီ ၂၄ ရက်တွင် တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၅၆၀ ဒေါ်လာ ဈေးရှိခဲ့ကြောင်း သိရသည်။

 

ချောစု

Local Trade News

Pages