ပြည်မိုးနှမ်း အဝင်များလာလို့ ဈေးကျလာ

Wed, 09/21/2016 - 07:48 -- admin_ygn

      ပြည်ဈေးကွက်တွင် ယခုတစ်ပတ်နှမ်းအဝင်များလာ၍ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းဘက် မှ တစ်ေ န့လျှင် နှမ်းအိတ် ၁၀ဝ၀ ခန့် ဝင်ရောက်လာသဖြင့် ယခင်တစ်ပတ်ထက် စာလျှင် အဝင်များလာခဲ့ကာ ဈေးလည်းအနည်းငယ်ကျလာတာတွေ့ရပါတယ်။
      နှမ်းနက်ကို မန္တလေးဝယ်လက်များက အဝယ်ရှိသလို၊ နှမ်းနီကိုပြည်ဆီစက်နှင့် မကွေးဆီစက်များက အဝယ်ရှိနေသော်လည်း ဈေးကျလာတာတွေ့ရပါတယ်။ နှမ်းဈေး မှာ နှမ်း နီတစ်တင်းလျှင် ၂၃၀ဝ၀ ကျပ်၊ နှမ်းနက်(ရိုးရိုး) တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၄၃၀ဝ၀ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးကျလာပေမယ့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုအချိန်တွင် မိုးနှမ်းကိုပွဲရုံများက လှောင်ထားရန်အတွက် ဈေးလျှော့ပြီး အဝယ်ရှိနေသဖြင့် ဈေးကျ ပေမယ့် တစ်နေ့လျှင် အိတ် ၁၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ် လျက် ရှိပါတယ်။

 

ဝေဝေမင်း