ပြည်မတ်ပဲဈေး မြင့်လာသော်လည်း ယခင်နှစ်ဈေးကို မမီခဲ့

Mon, 10/10/2016 - 08:24 -- admin_ygn

        ပြည်ပဲဈေးကွက်မှာ အောက်တိုဘာလဆန်းရက် ပြည်ပဝယ်လက် ပဲများ ဈေးမြင့်လာတာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ စက်တင်ဘာလအတွင်း ဈေး အေး အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် အိတ်အနည်းငယ်သာ ရောင်း ဝယ်မှုရှိခဲ့ပြီး လကုန် ရက်မှစ၍ ဈေးပြန်လှုပ်လာခဲ့ပါတယ်။ ယခုလဆန်းရက်မှာလည်း ဈေးဆက် မြင့်တက်ခဲ့ကာ ရန်ကုန်ဝယ်လက်များ နေ့စဉ်အဝယ်ရှိခဲ့ပါတယ်။ အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများရော  ပဲ အဝင်ပါရှိခဲ့လို့ ဝယ်လိုအားရှိ သလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေ တောင်၊ ကျီးသဲမြို့နယ်များမှ  နေ့စဉ်ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ပဲဈေးနှုန်း မှာ တစ်တင်း ၄၆၅၀၀ ကျပ်ဖြင့် စက်တင်ဘာလကုန်ဈေးထက် ဈေးပိုရလာခဲ့ပေမယ့် ယခင်နှစ် အောက်တိုဘာလဈေးကိုတော့ မမီခဲ့ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages