ပြည်မတ်ပဲဈေးကွက် လှောင်လက်သမားများ ဝယ်လိုအားများလို့ ဈေးကောင်းရနေ

Tue, 05/07/2013 - 04:19 -- admin

ပြည်ပဲဈေးကွက် မတ်ပဲဈေးမှာ တဖြည်းဖြည်းဈေးမြင့်တက်လာခဲ့ပြီး၊ ပဲတစ် တင်းကို ၁၇၀၀၀ ကျပ်ဈေးမြင့် လာခဲ့တယ်လို့ သိရပါတယ်။ မတ်လရဲ့ ပထမ ပတ်အတွင်း ပဲတစ်တင်းကို ၁၅၀၀၀ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဘက်မှ ပဲအဝင်ရှိသော်လည်း တစ်နေ့ကို အိတ် ၁၀၀ - ၂၀၀ ခန့်သာ အဝင်ရှိပြီး၊ ပဲစိုက်တောင်သူများမှ တက်ဈေးစောင့်နေတဲ့အတွက် ပဲရောင်းချသူနည်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ် လက်ရှိသော်လည်း လှောင်လက်သမားများက အဝယ်ပိုများနေခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှာ တစ်နေ့ကို အိတ် ၄၀၀ - ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ဘက်မှ ရန်ကုန်ကို တစ်နေ့ အိတ် ၄၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။
မိမိအေး - ပြည်

Local Trade News

Pages