ပြည်ပဲတီစိမ်းသီးနှံ အရည်အသွေးကြောင့် ဈေးအနည်းငယ်လျော့ခဲ့

Fri, 10/13/2017 - 04:43 -- admin_ygn

     ပြည်ပဲဈေးကွက်အတွင်း မိုးပဲတီစိမ်းသီးနှံ နေ့စဉ်အဝင်ရှိခဲ့သော်လည်း အိတ် ၁၀၀ မှ ၁၅၀ ကျော်သာ ဝင်ရောက်ခဲ့လို့ စက်တင်ဘာလကုန်ပတ်ထက် ပဲအဝင် ပါးသွားတာကို တွေ့ရပါတယ်။ မန္တလေးဝယ်လက်က နေ့စဉ် ဝယ်လို အားရှိတာ ကြောင့် ဝင်ရောက်လာသမျှ ပဲအိတ်အရေအတွက် ပမာဏအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ ပဲအရည်အသွေးပေါ်လိုက်ပြီး ဈေးပေးခဲ့လို့ တစ်တင်း ကျပ် ၂၇၅၀၀ ဖြင့် လကုန်ရက်ထက် ကျပ် ၅၀၀ ခန့် လျော့နည်းသွားခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံမှာ စပေါ် ချိန်မှစ၍ ယခုအချိန်ထိ ဈေးအတက်အကျ သိပ်မဖြစ်ဘဲ ယခုနှစ်အတွင်း ဈေးငြိမ်ငြိမ်နဲ့ ရောင်းဝယ်နေခဲ့ကြတာကို တွေ့ရပါတယ်။

 

ခင်ဆွေဝင်း