ပြည်ပဲဆန်ဈေးကွက်တွင် ဝင်ရောက်မှုနည်းနေသေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 08/29/2017 - 06:33 -- admin_ygn

     ပြည်ဈေးကွက်သို့ မိုးမြေပဲအသစ်များကို ဝက်ထီးကန်၊ အောင်လံ၊ ပေါက်ခေါင်းနဲ့ ရွှေတောင်မြို့နယ်တို့ရှိ ကျေးရွာ များမှ အဝင်အနည်းငယ်သာရှိသေးသဖြင့် ဈေးကွက်တွင် အရောင်းအဝယ် အနည်းငယ်သာ ဖြစ်တာတွေ့ရပါ တယ်။ နေ့စဉ်ဝင်ရောက်မှုနည်းသေးသော်လည်း ဈေးကွက်တွင် ကျန်ရှိနေသော မြေပဲဆန်အဟောင်းများရော ယခုဝင် ရောက်တဲ့ မြေပဲဆန်အသစ်များပါ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။  ယခင်နှစ်ကာလတူက မြစ်ရေ များ လျှံတက်လာသဖြင့် မြေပဲခင်းများ ပျက်စီးသွားတဲ့အတွက်  မြေပဲဆန်ဝင်ရောက်မှု နည်းသွားခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာ မြစ် ရေများ မတက်သေးသဖြင့် မြေပဲဆန် ဝင်ရောက်မှုမှာ ယခင် နှစ်ထက်များနေတာတွေ့ရပါတယ်။ အေ ရာင်းအဝယ်မှာယခင် နှစ်နဲ့နှိုင်းယှဉ်ပါက မိုးလွတ်၊ ရေလွတ်ဖြစ်သဖြင့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် (အသစ်) တစ်ပိဿာလျှင် ကျပ် ၁၉၀၀ ဖြင့် ယခင်တစ်ပတ်ကအ တိုင်း ဈေးငြိမ်နေပြီး (အဟောင်း) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ဈေးကျလာတာတွေ့ရပါတယ်။ လုံးဆန်ဈေးမှာ (အသစ်)တစ်ပိဿာလျှင် ကျပ် ၂၃၅၀နှင့်(အဟောင်း)တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။

 

ဝေေ၀မင်း(ပြည်)