ပြည်ပဲစင်းငုံ အထွက်လှိုင်လာလို့ အရောင်းအဝယ်သွက်

Thu, 02/16/2017 - 05:26 -- admin_ygn

         ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲစင်းငုံသီးနံှအနေဖြင့် တစ်ရက်အိတ် ၁၀၀၀ ကျော် အထိ ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ပန်းတောင်း၊ ပေါက်ခေါင်း၊ ေ ပါင်းတလည်နှင့်ပြည်အနီးတစ်ဝိုက်နယ်စုံမှဝင်ရောက်လျက်ရှိသလို ကံမဖက် မှလည်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဝယ်လက်ကတော့ ရန်ကုန် ဝယ်လက်ဝယ်လိုအားကောင်းသလို လှောင်သမားများလည်းဝယ်ယူနေတာကြောင့် ပဲဈေးကွက်အတွင်း အရောင်းအဝယ်အသွက်ဆုံးဖြစ်နေတဲ့ ပဲဖြစ်ပါတယ်။ ပဲဈေးမှာတစ်တင်းကျပ် ၂၃၈၀၀ မှကျပ် ၂၄၀၀၀အတွင်း ရရှိခဲ့ကြလို့ လဆန်း ရက်က ဈေးထက်လည်း အနည်းငယ်လျော့နည်းနေခဲ့ကြောင်းသိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages