ပြည်တွင်းရွှေဈေး အကျဈေးဖြင့် ဈေးငြိမ်နေ

Wed, 12/20/2017 - 04:38 -- admin_ygn

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် အကျဈေးဖြင့် ဈေးငြိမ်ခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမှာမူ ရက်သတ္တတစ် ပတ်၏ အစပိုင်းဖြစ်သည့် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ကျဆင်းနေခဲ့သော်လည်း နောက်ရက်များတွင် ပြန်လည်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာမူ အကျဈေးအတိုင်း ဈေးငြိမ်နေကြောင်း သိရသည်။
       "ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဈေးကျနေတာ။ ဈေးအမြင့်နဲ့ ဝယ်ထားတဲ့သူ တွေအတွက် စိုးရိမ်စရာဖြစ်နေတာပေါ့။ ပြန်တက်လာနိုင်ခြေရှိတဲ့အတွက် သူတို့ လည်း ဈေးကွက်ကို စောင့်ကြည့်နေကြတယ်။ ကမ္ဘာ့ရွှေဈေးကေ တာ့ ပြန်တက်လာတယ်။ ပြည်တွင်းငွေလဲနှုန်းက ငြိမ်နေတဲ့အတွက် ပြည်တွင်းရွှေဈေးတွေ ငြိမ်နေတာပါ။ အမေရိကန်ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်အတိအကျထွက်လာရင် ဈေးကွက်အခြေအနေက တစ်မျိုးပြောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက သုံးသပ်ခဲ့သည်။
          ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ဒီဇင်ဘာ ၁၁ ရက်က ကျပ် ၉၁၆၀၀၀ ရှိခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၉၁၃၀၀၀ သို့ ကျဆင်းခဲ့သည်။ သို့သော် ဒီဇင်ဘာ ၁၆ ရက်တွင် ကျပ် ၉၁၆၀၀၀ သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် တစ်အောင်စလျှင် ဒီဇင်ဘာ ၁၁ ရက်က  အမေ ရိကန်ဒေါ်လာ ၁၂၄၉ ရှိခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၅၇ သို့ မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၅၆ သို့ ဆက်လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages