ပြည်တွင်းရွှေဈေးများ တစ်ပတ်အတွင်း ကျပ်တစ်သောင်း ပြန်လည်မြင့်တက်လာ

Tue, 02/07/2017 - 07:51 -- admin_ygn

       ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ်တစ်သောင်းကျော် ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးကာ လအတွင်း နယ်စပ်၌ ရွှေအရောင်းအဝယ်များရပ်ဆိုင်းသွားခဲ့သဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းခဲ့ရခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူး ကာလအပြီးတွင် ရွှေအရောင်းအဝယ်များ ပြန်လည်လုပ်ကိုင်လာကြသဖြင့် ပြည် တွင်းရွှေဈေး များ ပြန်လည်မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။
       "တရုတ်နှစ်သစ်ကူးမတိုင်ခင်က ပြည်တွင်း ရွှေဈေးရော၊ ကမ္ဘာ့ရွှေဈေးပါ ကျဆင်းလာတယ်။ နယ်စပ်မှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားခဲ့တာကြောင့် ရွှေဈေးကျလာရတာပါ။ နှစ်ကူးအပြီးမှာ သူတို့တွေ အလုပ်ပြန်လုပ် လာကြတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရွှေဈေးက ပြန်ပြီးမြင့်တက်လာခဲ့တာပါ။ ကမ္ဘာ့ ရွှေဈေး ကလည်း လိုက်ပြီးမြင့်လာတော့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ တာပါ"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည်တွင်းေ ရွှဈေး ကွက် တွင် ဇန်နဝါရီ ၃၀ ရက်က အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၈၆၈၀၀၀ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ကျပ် ၈၇၅၀၀၀ သို့ မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၈၇၈၀၀၀ သို့ ဆက်လက်မြင့် တက်ခဲ့ သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် ဇန်နဝါရီ ၃၀ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၅ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၁၁ သို့ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၂၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ