ပြည်တွင်းရွှေဈေးများ ဆက်လက်ကျဆင်းလာ

Fri, 10/13/2017 - 06:09 -- admin_ygn

     ပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ ကျဆင်းလာခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးေ ဈးအဖြစ် ကျပ်ကိုးသိန်းခွဲအထိ မြင့်တက်ခဲ့ပြီးနောက် နှစ်ပတ်ဆက်တိုက်  ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့ သဖြင့် ပြည်တွင်းရွှေဈေးများပါ ကျဆင်းလာ ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် လည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ဆက် လက်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
       "ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ကမ္ဘာ့ရွှေဈေးတွေ ကျလာလို့ ပြည်တွင်းရွှေဈေးတွေလည်း ကျဆင်းလာပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ အားလပ်ရက်ရှည်တွေ အများကြီးရှိနေတာကြောင့် ကုန်သည်ေ တွအနေနဲ့ အရောင်းအဝယ်တွေကို ခေတ္တရပ်ထားကြလို့ အခုလိုရွှေဈေးတွေ ကျဆင်းလာရတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း သီတင်းကျွတ်ကာလ  ပိတ်ရက်ရှည်ရှိနေတဲ့အတွက် ဈေးကွက်မှာ အဝယ်ရော အရောင်းရော ေ အးနေပါတယ်"ဟု ရွှေဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်းရွှေဈေးကွက်တွင် အောက်တိုဘာ ၂ ရက်က အခေါက် တစ်ကျပ် သားလျှင် ကျပ် ၉၃၀၀၀၀ ရှိခဲ့ပြီး အောက်တိုဘာ ၄ရက် တွင် ကျပ် ၉၂၅၀၀၀ သို့ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှွေဈေးကွက်တွင် အောက်တိုဘာ ၂ ရက်က တစ်အောင်စ လျှင်  အမေရိကန်ဒေါ်လာ ၁၂၇၅ ရှိခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် အမေရိကန် ဒေါ်လာ ၁၂၇၀ ရှိခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages