ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်

Mon, 08/07/2017 - 04:08 -- admin_ygn

      ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်းက ပြန်လည်ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခု တစ်ပတ်တွင် နှစ်ကျပ်မျှ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်အတွင်း  အဝယ်လိုက်လာသဖြင့် ဈေးအနည်းငယ် မြင့်တက်ရခြင်းဖြစ်သည်ဟုဆိုသည်။"ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်ကထက်စာရင် နည်းန ည်းပြန်တက်လာတယ်။ ဈေးတက်တာကတော့ အဝယ်ပြန်လိုက်လာလို့ပါ။ ဒါပေမယ့် ဈေးကသိပ်ပြီး မြင့်တက်မလာတဲ့အတွက် အရောင်းအဝယ်ကတော့ ပုံမှန်လောက်ပဲရှိနေပါတယ်"ဟု ငွေလဲစင်တာတစ်ခုမှ သိရသည်။
ပုဂ္ဂလိကငွေလဲစင်တာများတွင် ဇူလိုင် ၂၄ ရက်က အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၁၂၅၇ ကျပ်၊ ဝယ်ဈေး ၁၃၅၅ကျပ်ရှိခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ရောင်းဈေး ကျပ် ၁၃၆၀၊ ဝယ်ဈေး ၁၃၅၈ ကျပ်သို့ အနည်းငယ် မြင့်တက်ခဲ့သည်။ သို့သော် ဇူလိုင် ၂၈ ရက်တွင် ရောင်းဈေး ၁၃၅၉ ကျပ်၊ ဝယ်ဈေး ၁၃၅၇ ကျပ် သို့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။

 

မယ်သီတာ