ပြည်တွင်းငွေလဲနှုန်းများ ထပ်မံမြင့်တက်

Tue, 10/31/2017 - 09:44 -- admin_ygn

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့ကြောင်း ငွေလဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ပွင့်လင်းရာသီသို့ ရောက်ရှိလာ ပြီဖြစ်၍ အရောင်းအဝယ်များ ပြန်လည်သွက် လက်လာခဲ့သဖြင့် ယခုကဲ့သို့ ဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ပို့ကုန် သွင်းကုန်လုပ်ငန်းများလည်း ပြန်လည်လှုပ်ရှားလာကြသဖြင့် ဈေးကွက်အတွင်း အဝယ်လိုက်လာခဲ့ေ ကြာင်း၊ ထို့ပြင် ဗဟိုဘဏ်ကလည်း၎င်းင်း၏ရည်ညွှန်းငွေလဲနှုန်း ကို နေ့စဉ် မြင့်တက်ကာ သတ်မှတ်ခဲ့သဖြင့် ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူ တစ်ဦးက ပြောကြားခဲ့သည်။
        ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ရည်ညွှန်းငွေလဲနှုန်း ကို နေ့စဉ်သတ်မှတ်လျက်ရှိရာ အောက်တိုဘာ ၂၃ ရက်က အမေရိကန် တစ် ဒေါ်လာလျှင် ၁၃၆၃ ကျပ်သတ်မှတ်ခဲ့ပြီး နေ့စဉ်တစ်ကျပ်မြင့်တက် ကာ သတ်မှတ်ခဲ့သဖြင့် အောက်တိုဘာ ၂၇ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၆ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ပြည်တွင်းငွေလဲစင်တာများတွင် အောက်တိုဘာ ၂၃ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၅၄ ကျပ်၊ ဝယ်ဈေး ၁၃၅၂ ကျပ်ရှိခဲ့ရာမှ အောက် တိုဘာ ၂၅ ရက်ဈေး ပိတ်ချိန်တွင် ရောင်းဈေး ၁၃၅၇ ကျပ်၊ ဝယ်ဈေး ၁၃၅၅ ကျပ်ရှိခဲ့သည်။ အောက်တိုဘာ ၂၇ ရက်တွင် ရောင်းဈေး ၁၃၅၆ ကျပ်၊ ဝယ်ဈေး ၁၃၅၄ ကျပ်ရှိခဲ့သည်။

 

  မယ်သီတာ

Local Trade News

Pages