ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအသစ်များ ဈေးကောင်းလျက်ရှိ

Wed, 12/20/2017 - 04:11 -- admin_ygn

          ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအသစ်များ ယခင်တစ်ပတ်ထက် လက်လီ/ လက်ကားတစ်ပိဿာလျှင် ကျပ် ၃၀၀ခန့်မြင့်တက်သွားပြီး  ဈေးကောင်းလျက်ရှိ နေကြောင်းသိရပါတယ်။ ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ကြက်သွန်နီအဟောင်းများ ဝင်ရောက်မှုမရှိတော့ဘဲ ကြက်သွန်နီအသစ်များသာ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်း၊ ဆိပ်ဖြူ၊ မြင်းခြံ စတဲ့နယ်များမှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀-၃၀၀ ခန့် ဝင် ရောက်နေတာ တွေ့ရပါတယ်။ အရော င်းအဝယ်အနေဖြင့် ကြက်သွန်နီအဟောင်းမှာ ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းပေမယ့် ဈေးနှုန်းမြင့်နေသည့်အတွက် အရောင်းအဝယ်မှာ အေးနေသလို ကြက်သွန်နီအသစ်မှာလည်း အစိုဓာတ်ရှိနေပြီး ဈေးကောင်းနေ သည့်အတွက် အရောင်းအဝယ်အေးလျက်ရှိ ကြောင်း သိရပါတယ်။ စိုက်ပျိုးသူတောင်သူ များမှ ကြက်သွန်နီအသစ်များ ဈေးကောင်းရနေသည့်အတွက်  သက်တမ်းပြည့် ရင့်မှည့်ပြီး အရည်အသွေးကောင်းသော  ကြက်သွန်နီ များဖြစ်အောင် မထားတော့ဘဲ ခူးဆွတ်တူးဖော်ပြီး ဈေးကောင်းရအောင် ရောင်းချနေသဖြင့် စားသုံးသူများ၊ ဝယ် ရောင်း အိတ်ဆွဲသမားများမှ အစိုဓာတ်ရှိပြီး အရည်အသွေးမကောင်းသော ကြက်သွန်နီ အသစ်များကို လိုသေ လာက်သာ ချင့်ချိန်ဝယ်ယူမှုရှိတဲ့အတွက် ယခုလို အရောင်းအဝယ်မှာ အေးနေခြင်းဖြစ်ကြောင်း ပြည်ပွဲရုံလုပ်ငန်းရှင်များ၏ ပြောကြား ချက်အရ သိရှိရပါတယ်။ ကြက်သွန်နီအဟောင်းဈေးမှာ တစ်ပိဿာလျှင် လက်ကား ကျပ် ၂၈၀၀-၂၉၀၀နှုန်းရှိပြီး လက်လီဈေးများတွင်ကျပ်၃၂၀၀-၃၄၀၀ဖြင့်ရောင်းဝယ် နေတာတွေ့ရပါတယ်။
         ကြက်သွန်နီအသစ်ဈေးနှုန်းအနေနဲ့ ယခုတစ်ပတ်ပွဲရုံလက်ကားဈေး  တစ် ပိဿာလျှင်(ကြီး)ကျပ် ၂၆၀၀၊ (လတ်) ကျပ် ၂၄၀၀-၂၅၀၀၊ (သေး) ကျပ် ၂၂၀၀-၂၃၀၀ ရှိပြီး လက်လီဈေးများတွင် (ကြီး)ကျပ် ၂၈၀၀-၃၀၀၀၊ (လတ်) ကျပ် ၂၆၀၀-၂၇၀၀၊ (သေး)ကျပ် ၂၃၀၀-၂၅၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကာ ယခင်တစ်ပတ် က လက်ကားတစ်ပိဿာလျှင်ကျပ်၂၂၀၀-၂၃၀၀ရှိပြီး  လက်လီဈေးများတွင် ကျပ် ၂၄၀၀-၂၅၀၀ ရှိတဲ့အတွက် ယခု တစ်ပတ် ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးနှုန်းထက် မြင့်တက်နေတာတွေ့ရပါတယ်။ ဈေးကွက်အတွင်း တရုတ်ကြက်သွန်နီများလည်း ရောင်းဝယ်နေပြီး လက်ကားတစ်ပိဿာလျှင် ကျပ် ၇၀၀-၈၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ်၁၀၀၀-၁၂၀၀တို့ဖြင့် ရောင်းဝယ်နေကြောင်းသိရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)

Local Trade News

Pages