ပြည်ဆန်၊စပါးဈေးမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေ

Thu, 08/24/2017 - 02:22 -- admin_ygn

        ပြည်ခရိုင်အတွင်း ဆန်စပါး ဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်း မြင့်တက်လာတာတွေ့ရပါတယ်။ ဆန်စက်များသို့ ဝင်ရောက်လာသော နွေစပါးများမှာ ယခင်နှစ်ထက် အရည်အသွေးကောင်းမွန်တာကြောင့် ယခင်မိုးစ ပါး ဟောင်းအဆင့်နှင့်တန်းတူနီးပါး အရည်အသွေးကောင်းတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ စပါးဈေး(ဧည့်မထ အုပ်စု)ဟာ စက်တွေပေါ်ရောက်လာသမျှ စပါးအားလုံး ကြိတ်ခွဲပြီး ဆန်အိတ်အားလုံး အရောင်းအဝယ်ဖြစ်နေ တယ် လို့ပြည်မြို့နယ်အတွင်းရှိ ဆန်စက်များမှသိရပါတယ်။ပြည် (ပွဲရုံ)နဲ့ဒေသတွင်း ဈေးကွက်များမှ အရောင်းအဝယ်သမား များအဆွဲများပြီး နယ်တင်ပို့မှုများလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဆန်ချောဖြစ်တဲ့ တောင်ပျံမွှေးစ ပါးနှင့် ဆန် ဈေးများပါဈေးကောင်းလာပါတယ်။ယခုသြဂုတ်လ  တတိယ ပတ်စပါး၊ဆန်ဈေးနှုန်းပေါက်ဈေးတွေကတော့ တောင်ပျံမွှေး စပါး(၄၆)ပေါင်ကိုက် တင်း၁၀၀လျှင် စပါးသန့်ကျပ်၈၂၈၀၀၀ နှင့်ကျပ် ၈၀၉၆၀၀ဈေးတို့ ပေါက် လျက်ရှိပါတယ်။ဧည့်မထ စပါးအုပ်စု ဈေးနှုန်းတွေကတော့ (အမာစ)ရတနာတိုးကျပ် ၄၆၉၂၀၀၊ ကရင်မ(မိုးဟောင်း)ကျပ်၁၅၂၀၀၀နှင့်(အပျော့) ဆင်းသွယ်၊ မှော်ဘီစပါးကျပ်   ၄၈၇၆၀၀တို့ဖြစ်ကြောင်း သိရပါတယ်။
         ဆန်တစ်တင်းခွဲတစ်အိတ်ကို  ရတနာတိုး(နွေ)ကျပ် ၁၉၅၀၀၊ (မိုး)ကျပ် ၂၃၀၀၀၊ ဆင်းသွယ် (နွေ)ကျပ်၂၀၀၀၀၊ (မိုး)ကျပ် ၂၄၀၀၀ တို့ဖြစ်ကြောင်းသိရပါတယ်။  ဧည့်မထ စပါးဈေးက ကျပ် ၄၄၅၀၀၀ရှိပြီး ၂၅ မှတ် ဆန်ဈေး ကတော့ ကျပ် ၁၇၀၀၀ သာရှိပြီး ဆန်ရော စပါးပါ အရောင်းအဝယ် ကောင်းတယ်လို့သိရပါတယ်။ ဧည့်မထဆန်များကိုပြည်မြို့ပေါ်ပွဲရုံများ၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့နေရပြီး ရန်ကုန်သို့ ဆင်းသွယ်ဆန်များ ပိုမိုတင်ပို့နေရကြောင်း လည်းသိရ ပါတယ်။ တောင်ပျံမွှေးဆန်ကိုတော့  ရန်ကုန်သို့ တစ်ပတ် အတွင်း အိတ် ၆၅၀ဆံ့ ကုန်တင် ကားနှစ်တွဲနဲ့ ပုံမှန်တင်ပို့ လျက်ရှိနေပါတယ်။

 

နီနီဝင်း