ပဲစင်းငုံဝယ်ယူရေးအတွက် ဒေသဆိုင်ရာ ပဲဝယ်ယူရေးကြီးကြပ်မှုအဖွဲ့များ ဖွဲ့စည်းနိုင်ရန် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တွေ့ဆုံပွဲကျင်းပ

Tue, 12/12/2017 - 08:15 -- admin_ygn

         ပဲစင်းငုံရာသီ ပဲစင်းငုံပေါ်ချိန် တွင် ပဲစင်းငုံဝယ်ယူရေးအတွက် ဒေသဆိုင်ရာ ပဲဝယ်ယူရေး ကြီးကြပ်မှုအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် မကွေးကုန်စည်ဒိုင်မှ တာဝန်ရှိသူများ၊ မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပွဲကို ဒီဇင်ဘာလ ၄ ရက်က မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အိန္ဒိယ နိုင်ငံ၏ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒ ပြောင်းလဲမှုကြောင့် ပဲစင်းငုံဈေးနှုန်း များ ကျဆင်းလျက်ရှိရာ ပဲစင်းငုံ အဓိက စိုက်ပျိုးရာ မကွေးတိုင်းဒေသကြီးအတွင်း ရှိ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် ကုန်ကျစရိတ်အောက်သို့ ကျဆင်းသွား နိုင်သဖြင့် ဒေသဆိုင်ရာ ပဲဝယ်ယူရေး ကြီးကြပ်မှုအဖွဲ့များ စနစ်တကျ ဖွဲ့စည်း တာဝန်ပေးအ ပ်နိုင်ရန်၊ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းကာ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးဆောင် ရွက်သွားရန်ရည်ရွယ်၍ ယခုတွေ့ဆုံ ပွဲကို ကျင်းပ ရခြင်းဖြစ်ကြောင်း သိရ သည်။
       အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အပြန် အလှန် အပြေအလည် ညှိနှိုင်းဆွေးနွေး ကြရာ ပဲစင်းငုံရာသီ၌ ပဲစင်းငုံ ထွက် ပေါ်လာချိန်တွင် ကုန်စည်ဒိုင်များအား တာဝန်ပေးအပ်၍ ဝယ်ယူသွားမည့် အစီအစဉ်ကို ရေးဆွဲရန် ဒေသခံကုန်သည် များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော် စွာဝင်းနှင့် တာဝန်ရှိသူများ၊ မကွေးကုန် စည်ဒိုင်၊ မကွေးမြို့နယ်ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိန်အေးမောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဝင်းမောင် (မကွေး)

Local Trade News

Pages