ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန် ၆၀၀ ကျော်ဝင်

Fri, 12/30/2016 - 04:53 -- admin_ygn

          ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ၈၉၆၄၀ တန်ဖိုးရှိ ဘိလပ်မြေ၆၁၂ ဒသမ ၇၁၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ သုည ဒသမ၃၁၁တန်၊ အိန္ဒိယ နိုင်ငံမှ တန်ချိန်၂၈၀၊ အီရန်နိုင်ငံမှ ၁၆၀ဒသမ ၂၀ တန်၊ စင်ကာပူနိုင်ငံမှ ၂၀ ဒသမ ၂၀၄ တန်၊ ထိုင်းနိုင်ငံမှ ၁၂၅ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၂၇တန်အသီးသီး တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ် ဘိလပ်မြေအဝင် တန်ချိန်၂၀၀၀၀ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန်  ၁၉၀၀၀  ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။

 

သီတာဝင်း (DOT)