နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ တစ်ဘီလီယံကျော်ခွင့် ပြု

Thu, 09/05/2019 - 09:21 -- admin_ygn

     ယခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာတစ်ဘီလီယံကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၆၀ ဒသမ ၃၂၈ သန်းကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၀၈၅ ခုကို ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း ခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၆၆ ဒသမ ၄၇၄ သန်းကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၆၆၈၃ ခုကို ဖန်တီးပေးနိုင်ခဲ့ ကြောင်း သိရသည်။

    ဇူလိုင်လအတွင်း  ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် လယ် ယာကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ဇွန်လတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၉၂ ဘီလီယံကျော်ကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းေ ပါင်း ၂၈၇၃ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဇူလိုင်လတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၈ ဘီလီယံကျော်ကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၆၈ ခုကို ဖန်တီးပေးနို င်ခဲ့ ကြောင်း သိရသည်။

 

သန်းထိုက်အောင်