နနွင်းတက် ပုံမှန်တင်ပို့

Wed, 04/06/2016 - 08:20 -- admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၁၉ ရက်မှ ၂၅ ရက်တာ သီတင်းပတ်တွင် ကန်ဒေါ်လာ ၁၀၉၃၉၀ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၄၈ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၁၄ တန်ခွဲ တင်ပို့ခဲ့တာ မို့ မူဆယ်နယ်စပ်ကနေ နနွင်းတက်တင်ပို့မှု ပုံမှန်ရှိတယ်လို့ ဆိုရပါမယ်။ မူဆယ် ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို   (ငွေလဲနှုန်းအရ) မိမိဘက်ပေါက်ဈေး ၈၄၅၆၀၀-၉၀၆၇၅၀ ကျပ်ဈေးအထိ ရှိပါ တယ်။ နနွင်းတက်ကို တစ်ဖက်တရုတ်နိုင်ငံမှာ ဆေးဖော်ဖို့နဲ့ အမှုန့်ပြုလုပ်ဖို့ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိနေတာလို့ ကုန်စည်ဒိုင်တွေကတစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုပြီး နည်းနည်းချင်းစီပဲအဝယ် ရှိနေပါတယ်။

 

မော်မော်အောင်