ဒီလိုလေးပြောနေရုံနဲ့........ပြီးမှာလားမောင်ရေ...

Wed, 02/08/2017 - 06:26 -- admin_ygn

         နံနက်စောစာစားဖို့ ကိုယ့်မြို့မှာရှိတဲ့ မုန့်တီ ဆိုင်ကို ဝင်ထိုင်မိပါတယ်။ ကိုယ်နှစ်သက်ရာကို မှာပြီးစားနေတုန်းမှာ စားသုံးသူတစ်ယောက် ဝင်လာပါတယ်။ ဆိုင်ရဲ့ စားပွဲတွေမှာ လူပြည့်နေလေ တော့ နေရာလွတ်နေတဲ့ကိုယ့် စားပွဲကို ခွင့်တောင်း ပြီးလာထိုင်ပါတယ်။ တစ်ဆက်တည်း စားပွဲထိုးကို လှမ်းမှာပါတယ် "မုန့်တီတစ်ပွဲ အချိုမှုန့် လုံး၀ မထည့်ပါနဲ့ ဆီလျှော့ပါ" အလဲ့...ကိုယ်က စားသုံးသူရေးရာဦးစီးဌာနကဆိုတော့ စိတ်ဝင် စားသွားပါတယ်။ စား ပွဲကလည်းတစ်ဝိုင်းတည်းဆိုတော့ အလာပသလာပစကားပြောမိပါတယ်။ "နောင်တော်က ကျန်းမာရေးလိုက်စားပုံရ တယ်" "ဘာဖြစ်လို့လဲဗျ" "သြော်..ခုန မုန့်တီ လှမ်းမှာတုန်းက အချိုမှုန့်မထည့်နဲ့ ဆီလျှော့ထည့်ပါလို့ မှာတာ ကိုကြားလိုက်ရလို့ပါ" "သြော်.. ဒါလား..အရင်တုန်းက ကျွန်တော်က အချိုမှုန့် သိပ်စားတယ်။ ဆီဆိုလည်း ဆီပြန်နေမှ တော်တော် စားခဲ့တယ်" "ဒါဖြင့် အခုအနေအထား" "ဒီလို စားဖို့အရေး ကျွန်တော့်သမီးက အ.ထ.က(၂)မှာ တက်နေတဲ့ နဝမတန်းကျောင်းသူပါ။ တလောက သူတို့ကျောင်းမှာ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲဆိုလား လုပ်ကြတယ်။ အဲဒီမှာဟောပြောကြတဲ့ ဟောပြောချက်တွေကို သမီးကသူ့ဖုန်းနဲ့အသံ သွင်း ထားပြီး အိမ် ရောက်တော့ ကျွန်တော်တို့ကို ဖွင့်ပြတယ်။ အဲဒီမှာ ဆီအကြောင်း၊ ဟင်းချိုမှုန့်အကြောင်းတွေ ပြော ကြတာ သေသေချာချာ နားထောင်မိတယ်။ အဲဒီ မှာ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လောဘကို သိ လာတယ်။ နားထောင်ရင်း၊ နား ထောင်ရင်း ကြောက်လာတယ်။ တစ်ခါ သူရလာတဲ့ လက်ကမ်းစာစောင်ထဲမှာပါတဲ့ FDA က ထုတ်ပြန်ထားတဲ့ အစားအသောက်၊ အလှကုန်၊ ဆီဆိုတာ တွေ ဖတ်ရတော့ ပိုပြီးကြောက်လာတယ်။ အဲဒီ နေ့ကစပြီး ကျွန်တော်ရော၊ ကျွန်တော်မိသားစုပါ ဟင်းချိုမှုန့်လျှော့စားတယ်၊ ဆီလျှော့စားတယ်။ ဒီလိုကျန်းမာရေးဗဟုသုတတွေ သိရတဲ့အတွက် စားသုံးသူရေးရာ ဦးစီးဌာနကိုလည်း ကျေးဇူးတင်တယ်။ ဒါမျိုးတွေ များများလုပ် သင့်တယ်၊ ကောင်း ပါတယ်အစ်ကိုရယ်" ကိုယ်စိတ်ထဲမယ် အဟော သုခံ ကောင်းလေစွလို့ ပီတိဖြစ်မိပါတယ်။
        ကိုယ့်စေတနာ အကျိုး ပေးကောင်းတာမို့ ကြည်နူးမိပါတယ်။ တစ်ဆက်တည်း အဲဒီကျမှ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြောမိပါတယ် "အဲဒီ ဟောပြောပွဲမှာပြောတာ ကျွန်တော်ပါပဲ။ ကျွန်တော် ကစားသုံးသူရေးရာ ဦးစီးဌာနက ပါ"  "ဟုတ်လား..ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို" "ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်ပေါ့" တစ်ဆက်တည်း "အစ်ကိုတို့ လက်ကမ်းစာစောင်ထဲမှာ အငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့ဆိုတာတွေ့တယ်။ တိုင်ကြားလို့ရတယ်ဆိုတာလည်း ဖတ်ရတယ်"။ "ခုချိန်ထိတော့ တိုင်ကြားမှုဆိုတာ မရှိသေးဘူးဗျ" "ခက်သားလား အစ်ကိုရယ် ကျွန်တော်တို့ လူမျိုးကတစ်ဖက်သားကို အားနာတာ၊ သနားတတ်တာဆိုတော့ တိုင်ဖို့ဆိုတာ သိပ်ဖြစ် မယ်မထင်ဘူး။ ကျွန်တော်ကတော့  အစိုးရဘက်က လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူစေချင်တာပါပဲဗျာ"။"ဖြစ်တော့ဖြစ်လာမှာပေါ့ဗျာ အခုချိန်မှာတော့ ပညာပေးအသိတစ်ခုရအောင် ကြိုးစားနေကြတာ ပါပဲဗျာ" လို့ပြောဆိုပြီး လမ်းခွဲခဲ့ကြပါတယ်။ ဒီမှာ ကျွန်တော်စားတဲ့မုန့်ဖိုးအရှင်းမခံဘဲ ကျေးဇူး တင်လို့ သူကရှင်းသွားပါတယ်။ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတာပေါ့ဗျာ။  နောက်တစ်ခါ ပခုက္ကူမြို့နယ်ထဲက "ရွှေတန်းတစ်" ကျေး ရွာ အလက(ခွဲ)ကျောင်းမှာ သွားဟောပြောတုန်းကပါ။ ဒုတိယအကြိမ်မြောက် ဟောပြောပွဲဝင်ရပါတယ်။ ယခင်တစ်ပတ်ကတစ်ဖွဲ့ အခုဟာကတစ်ဖွဲ့ပါ။ ဟောပြောပွဲအပြီး ဈေးသည်တွေကို ကျောင်းအုပ်ဆရာကြီးက သူ့ရုံးခန်း ထဲ ေ ခါ်ပြီး ဆွေးနွေးပွဲလေးတစ်ခု လုပ်ဖြစ်ပါတယ်။ ဈေးသည်တွေ ပြောတာက နောက်ကို မရောင်းတော့ပါဘူး။ ဆရာပြောသလို မလှူတတ်ရင် ဈေးရောင်းပါ။ ဈေးရောင်းပြီဆိုကတည်းက ကုသိုလ် ရပြီးသားဆိုတာကို သိရပါပြီ ။ စေတနာထားပြီး ရောင်းပါ့မယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင် သလို ထုတ်လုပ်သူတွေကိုရော ဘယ်လိုအရေးယူ မလဲ အပြစ်ပေးမလဲ ဆိုတာကိုတင်ပြကြပါတယ်။
            နောက်တစ်ခါ ဂန့်ဂေါနယ်က ရွာကျောင်း တွေမှာ ဈေးသည်တွေက ကျွန်မတို့တစ်တွေ ဆရာ တို့ပြောသလို ကလေးတွေအတွက် အန္တရာယ်ရှိ မယ့် အစားအသောက်မုန့်ထုပ်တွေကို မရောင်း တော့ပါဘူး။ အဲဒီထုတ်လုပ် သူတွေကိုရော ဆရာ တို့မှမဟုတ် ကျန်တဲ့တာဝန်ရှိသူတွေကရော ဘယ် လိုအရေးယူကြပြီလဲ။ဘယ်လိုပြစ်ဒဏ်တွေ ချပြီးပြီ လဲ ဆိုတာတွေဟာ ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ စားသုံးသူရေးရာဝန်ထမ်းတွေ အမေးအခံရဆုံး ပြည်သူတွေရဲ့ အသံလှိုင်းများ ဖြစ်ကြမှာပါ ကိုင်း..ဘယ်လိုလုပ်ကြရမှာ ပါလဲ..၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်မှာ စားသုံးသူ ရေးရာဥပဒေကိုပြဋ္ဌာန်းပြီးနောက် စားသုံးသူ ရေးရာဦးစီးဌာနက ဝန်ထမ်းတွေ ဟာ နေ ရာအနှံ့အပြား ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်အလိုက် တက်ကုန်ဖွင့်လို့ ရွက်စုံလွှင့်လို့ ကြိုးစား ပမ်းစား ဆောင်ရွက်နေကြတာတွေဟာ တီဗွီ၊ သတင်းစာ၊ ဂျာနယ်တွေမှာ တွေ့နေရပါတယ်။ ကြိုးစားပမ်းစား ဆောင်ရွက်နေကြတာကို အများအသိပါ။ စေတနာပါပါ ဆောင်ရွက်နေကြတာဆိုတော့  အောင်မြင်ကြပါတယ်။ ယခင်ကဆိုရင် ကိုယ့်ဌာနကို ကျန်းမာရေးဝန်ကြီးဌာနကလိုလို ဌာနအသစ်လိုလို ထင်မြင်ကြပေမယ့် နောက်ပိုင်းလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါ က်လာသော ဌာနကြီးပါလား။ ခေတ်၊ စနစ်အရ ခေတ်စနစ်နှင့်အညီ လိုအပ်သလို ပြောင်းလဲ ဖွဲ့စည်းပြီး ဒီဝန်ထမ်းတွေဟာ ဟိုကွေ့ ကို ဟိုတက်နဲ့လှော်၊ ဒီကွေ့ကို ဒီတက်နဲ့လှော်၊ တက်ကျိုးရင်လက်ထိုးလှော်မယ်ဆိုတဲ့ စိတ်ဓာ တ်နဲ့ အောင်မြင်အောင် ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့အစည်း ဝန်ထမ်းတွေပါလားဆိုတာ သိလာကြပြီး၊ ကျေးဇူးတင်လာကြပါတယ်။ အချို့ဒေသ တွေမှာဆိုရင် တစ်အိမ်တစ်ယောက်လာဆိုလို့သာ လာရတယ် ဘာပြောမှာလဲ ေ ခါင်းစဉ် ဖတ်ကြည့် တော့" ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စားသုံး သူအကာအကွယ်ပေးရေး အသိပညာပေး ဆွေး နွေးပွဲ" ဘာတွေလဲဟ၊ လာဆိုလို့သာလာရတယ်။ ဘာမှန်းလည်းမသိတော့ စိတ်တောင်မဝင်စားချင်ဘူး။ ဒါပေ မဲ့ ဟောပြောကြတော့ ငါတို့အတွက် ငါတို့ ကလေးတွေအတွက်ပါလားဆိုတာကို သိလာရ တော့ ကျွန်တော်တို့တစ်တွေ နေ့လည်နေ့ခင်းဆို မအားတတ်ဘူး။ ဆရာတို့ညလာပြောနိုင်မလား၊ မီးစက်ထွန်းပေးမယ် တရားပွဲလို စာပေဟောပြော ပွဲလိုပေါ့ဗျာ" လာနိုင်မလား...လာမလား" ဖိတ် ကြပါတယ်။ လာပါ့မယ် ဒီလိုစိတ်ဝင်စားမယ်ဆိုရင် လာရောက်ဟောပြောဆွေးနွေးပါမယ်။ ဖိတ်ပါ ဆိုသော်လည်း ကျွန်တော်တို့က ဝန်ထမ်းတွေ ဆိုတော့ အခြားရုံးကိစ္စ တွေရှိတော့ ဖိတ်ရင်ကြိုပြီး နှစ်ရက်၊ သုံးရက်ကြိုဖိတ်ပါလို့ ပြောရပါတယ်၊
           ပြည်သူတွေစိတ်ဝင်စားလာပြီး ဟောပြောပွဲ အပြီး အပြန်အလှန် ဆွေးနွေးခန်းမှာ အဓိက အမေးခံရတာကတော့ ထုတ်လုပ်သူတွေကို ဘယ်လို အရေးယူမှာလဲဆိုတာက  နေရာတိုင်းမှာလိုလို အမေးခံရပါတယ်။ ပြန်လ ည် ရှင်းပြပါတယ်။ ထုတ်လုပ်သူနဲ့စားသုံးသူ ဘယ်သူကအဓိကကျ သလဲ ထုတ်လုပ်သူရှိလို့ စားသုံးသူရှိတယ်။ စားသုံး သူရှိလို့ ထုတ်လုပ်သူရှိတယ် အဲဒီနှစ်ခုမှာ ဘယ် ဟာကအဓိကကျသလဲလို့ မေးကြတော့ ဥပမာ--ရွာတိုင်းမှာ လက်ဘက်ရည်ဆိုင် မရှိပေမယ့် အရက် ဆိုင်ရှိတာကို ငြင်းမလား..ဆိုတော့ စဉ်းစား တယ်။ တီးတိုးတီးတိုးနဲ့ တိုင်ပင်တယ် ပြီးတော့ ပြောကြတယ် စားသုံးသူရှိလို့ ထုတ်လုပ်သူရှိတာပါ စားသုံးသူကအဓိကကျပါတယ်။ ဒါဆိုရင် ခင်ဗျား တို့မစားနဲ့ပေါ့၊ မစားရင်ထုတ်လုပ်သူမရှိနိုင်ဘူး၊ ဟုတ်ပါတယ်.. ဆရာပြောတာမှန်ပါတယ်.. ဆရာတို့ပြောလို့ ကျွန်တော်တို့သိပါပြီ ဒါပေမဲ့ လာပြီ- - ကလေးတွေကြတော့ ဒီလိုမသိတော့ ထုတ်လုပ်သူတွေကိုသာ အပြစ်ေ ပး အရေးယူ စေချင်တယ်။ ဖြစ်ကုန်ရော...ကျွန်တော်တို့ ကျွန်မတို့ဘက်ကလည်း စားသုံးမှုကို ဆင်ခြင်ပါ့မယ်။ ပြောင်းလဲပါ့မယ်။ အဲဒီလိုပဲ ထုတ်လုပ်သူတွေ ဘက်ကပြောင်းလဲပါ။   မဟုတ်ရင် အရေးယူပါ အပြစ်ပေးပါ။ နောက် ဆုံး ဒီဘူတာပဲ ဆိုက်ကုန်ပါ တယ်။ အဲဒီတော့ စာစုကို ဒီနေရာမှာပဲ အဆုံးသတ် နိဂုံးချုပ်ရပါတော့မယ် ဒီစာစုရဲ့ခေါင်းစဉ်က တော့ စားသုံးသူတွေ တောင်းဆိုသလိုဖြစ်ဖို့ "ဒီလို လေးပြောနေရုံနဲ့..ပြီးမှာလားမောင်ရေ..." လို့သာပါ။

 

မြင့်ဦး (ပခုက္ကူ)