ဒီတစ်ပတ် ဒီဇယ်အဝင်လျော့ပြီး ဓာတ်ဆီအဝင်ပို

Wed, 12/20/2017 - 04:28 -- admin_ygn

       ဒီဇင်ဘာ၃ ရက်မှ ၉ ရက်အထိသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၇၈၉၉၂၇၃ တန်ဖိုးရှိ ဒီဇယ်ဆီ ၁၅၃၉၀၇ ဒသမ ၁၄ တန်နဲ့ အမေရိကန်ဒေါ်လာ ၇၇၄၅၅၄၈  တန်ဖိုးရှိ ဓာတ်ဆီ ၁၄၉၉၀ ဒသမ ၄၃ တန် စုစုပေါင်း ၁၆၈၈၉၇ ဒသမ ၅၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၂၈၉၉၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ ၁၂၄၉၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၂၁၈၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၇၁၉၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ဓာတ်ဆီ အဝင်လျော့ပြီး ဒီဇယ် အဝင်ပိုခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်သီတင်းပတ်အတွင်း နယ်စပ်စခန်းဖြစ်တဲ့ မြိတ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၁၀၃၇၀၇၀ တန်ဖိုးရှိ ဒီဇယ် ၁၉၃၈ ဒသမ၂၉ တန်နဲ့ အမေရိကန်ဒေါ်လာ ၇၆၉၃၂၈ တန်ဖိုးရှိ ဓာတ်ဆီ ၁၄၃၅ ဒသမ ၇၁ တန်ကို လည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၃၂၁၅၆ တန်ဖိုးရှိ ဒီဇယ်၁၁၄၆ ဒသမ ၁၄ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၂၂၇၉၂ တန်ဖိုးရှိ ဓာတ်ဆီ ၄၂ ဒသမ ၇၁ တန် ကို လည်းကောင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
         ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ အောက်တိန်း (92)နဲ့ (95) မှာ ဈေးငြိမ် နေသော်လည်း ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်က ဈေးနည်း နည်းမြင့်လာတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေး နှုန်းများမှာ ဒီဇယ်  ၇၈၅ ကျပ်၊ အောက်တိန်း (92) ၇၈၅ ကျပ်၊ အောက်တိန်း (95) ၈၂၅ ကျပ်၊အဆင့်မြင့် ဒီဇယ် ၈၀၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာ  ၁၁ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၅၈၀၀၀၊ ရောင်းဈေး ကျပ် ၁၆၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ရာ ဒီဇင်ဘာ ၁၅ ရက်တွင် ဝယ်ဈေး ကျပ် ၂၀၀၀၊ ရောင်း ဈေး ကျပ် ၄၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၁ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး ကျပ် ၁၇၉၀၀၀၊ ရောင်းဈေး ကျပ် ၁၈၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေး နဲ့ ယှဉ်ရင် ဒီဇယ်ဈေးငြိမ်ခဲ့ပေမယ့် ဓာတ်ဆီဈေး အနည်းငယ်မြင့်ခဲ့တယ်လို့ သိရပါ တယ်။            
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင်  အောက်တိန်း (92)၊ အောက်တိန်း (95)၊ ဒီဇယ်နဲ့  အဆင့်မြင့်ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ၉၃၅ကျပ်၊ ဒီဇယ်တစ်လီတာ ၈၂၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ကျပ် ၈၅၀၊ အောက်တိန်း (92)တစ်လီတာ ကျပ် ၈၆၀ ၊ ဓာတ် ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာလ ၁၁ ရက်တွင် ဒီဇယ်ဝယ်ဈေးကျပ် ၁၆၇၀၀၀၊ ရောင်းဈေး ကျပ် ၁၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြ စ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ ဒီဇင်ဘာ ၁၁ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၈၀၀၀၊ ရောင်း ဈေးကျပ် ၁၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက် တွင် ဝယ်ဈေး ကျပ် ၁၀၀၀ ဈေးမြင့်လာသော်လည်း ရောင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးနည်းနည်းမြင့်လာတယ်လို့  သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ အရော င်းအဝယ်ပုံမှန်ရှိပြီး ဈေးနည်းနည်းကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်လီတာ ဈေး များမှာ ဓာတ်ဆီ ၇၅၅ ကျပ် ၊ အဆင်မြင့်ဒီဇယ် ကျပ် ၈၄၀ ၊ အောက်တိန်း(92) ကျပ် ၈၂၀၊ အောက် တိန်း (95) ကျပ် ၈၇၀ နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ် ဂါလံ ကျပ် ၃၈၀၀၊ အောက်တိန်း (92)တစ်ဂါလံ ကျပ်၃၇၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT