ဒသမအကြိမ် မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကျင်းပ

Thu, 09/26/2019 - 05:50 -- admin_ygn

     ဒသမအကြိမ် မြန်မာ-ဗီယက်နမ်  ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေး  (10 th Myanmar -Vietnam Joint Committee on Trade Meeting - 10 th JCT) ကို စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်ထူး  ဦးဆောင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ် ၄၄ ဦးနှင့်  ဗီယက်နမ်နိုင်ငံဘက်မှ စက်မှုနှင့် ကုန် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.Tran Quoc Khanh  ဦးဆောင်သော ကိုယ်စားလှယ်၂၃ ဦး စုစုပေါင်း ၆၇ ဦးခန့်တို့ တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၁၆ ရက်တွင်လည်း နှစ်နိုင်ငံ ညွှန်ကြားရေးမှူးချုပ်များဦးစီးေ သာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Official Meeting -SOM) ကို ကျင်းပခဲ့သည်။

     ယင်းအစည်းအဝေးများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့်  ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကဏ္ဍများအနေဖြင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ အကောက်ခွန် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သစ်တော၊ မွေးမြူရေးနှင့်ရေထွက်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ စားသုံးသူအကာအကွယ်ပေး ရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ စသည် တို့အပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည့် အစည်းအဝေးမှတ်တမ်း အား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့  ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် နှစ် နိုင်ငံကုန်သွယ်မှုရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀  ပြည့်မီရေး  ကိစ္စရပ်များကို  ဆောင်ရွက်နိုင်မည်ဖြစ်ခြင်းနှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား  အကျိုးကျေးဇူးရလဒ်များ ယခင်ထက် ပိုမိုရရှိလာနိုင်မည်ဖြစ်၍ နိုင်ငံတော်နှင့်  ပြည်သူလူထုအတွက် အကျိုးရှိသော အစည်းအဝေး တစ်ရပ်ဖြစ်ကြောင်း သိရသည်။

 

ဧပရယ်မြတ်ပြည့်ဖြူ(နှစ်နိုင်ငံ)