တောင်အာဖရိကနိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့ပြီ

Mon, 02/20/2017 - 04:59 -- admin_ygn

       ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၆ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၂၇၅၇၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်တန်ချိန် ၂၅၈၈၇ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၆၈၅တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန် ၁၇၀၀၊ ဧည့်မထဆန်၁၁၈၉၂ တန်ခန့်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၆၁ တန်ကျော်၊ ဧည့်မထဆန် ၂၇၈ တန် ခန့်နဲ့  လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ  ငစိန်ဆန် ၁၃၅၄၁ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ဆန်အပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၂သန်း တန်ဖိုးရှိ ဆန်ကွဲ ၄၇၉၅ တန်ကို တင်ပို့ ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ၂၇၀၂ တန်နဲ့ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ၂၀၉၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၄၆၇၈တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ဆန်ကွဲ ၁၁၇တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။   ကုန်သွယ် ရေးစခန်းများမှ သီတင်းတစ်ပတ်အတွင်းဆန်ရော၊ ဆန်ကွဲပါ  ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၁၈ သန်းတန်ဖိုးရှိ  ဆန်ဖြူနဲ့ပေါင်းဆန် ၁၀၇၀၅ တန်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ဧည့်မထဆန် ၂၁၂၅ တန်နဲ့ ငစိန်ဆန် ၇၅ တန်၊ သီရိလင်္ကာနိုင်ငံသို့ ဧည့် မထဆန် တန် ၁၇၃၀၊ ဂျပန်နိုင်ငံသို့ ဧည့်မထဆန်တန် ၅၀၀၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၁၂၅တန်၊ အီးယူနိုင်ငံများ သို့ ဧည့်မထဆန် တန် ၅၈၀၀နဲ့ ပေါင်းဆန်တန် ၁၀၀ အပြင် ယခုတစ်ပတ်မှာ တောင်အာဖရိကနိုင်ငံသို့ပါ ဧည့်မထ ဆန်တန် ၂၅၀ တင်ပို့နိုင်ခဲ့ပါတယ်။
        ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တန်ချိန် ၁၁၃၈၃ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၆၇၈ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဆန်တင်ပို့မှု လျော့နည်းသော်လည်း တောင်အာဖရိကနိုင်ငံသို့ ဆန်ေ ဈး ကွက်အသစ် ရရှိခဲ့ပါတယ်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၁သန်းနဲ့ တန်ချိန် ၈၄၂၅ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲတန်ချိန် ၈၂၂၅ တင်ပို့ခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ တန်၂၀၀ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ဆန်ကွဲကို ယခုတစ်ပတ်မှာ စင်ကာပူနိုင်ငံသို့ တန် ၁၀၀၊  တရုတ်နိုင်ငံသို့ တန် ၅၀၀၊ သီရိလင်္ကာနိုင်ငံသို့ တန် ၂၁၆၀နဲ့ အီးယူနိုင်ငံသို့ ၅၆၆၅ တန် တင်ပို့ခဲ့ တာဖြစ်ပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages