ဌာနပိုင် အဆောက်အဦ သိုလှောင်ရုံ၊ မြေကွက်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ခေါ်ယူငှားရမ်းမည်

Wed, 02/14/2018 - 07:10 -- admin_ygn

            စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီး ဌာနပိုင်ဖြစ်သော ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တံတားမြို့နယ် လမ်း (၄၀) ရှိ အမှတ်(၉၀)သုံးထပ်အဆောက်အဦ (၅၀'x၃၀'x၃၈') အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လသာမြို့နယ် မဟာဗန္ဓုလလမ်းရှိ အမှတ်(၆၁၉) မြေညီထပ်အခန်း (၁၆'x၁၀၀'x၁၆') အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက် ပုဇွန်တောင်လမ်းရှိ အမှတ် (၂၄၀) သိုလှောင်ရုံ (A+B) (၂) ခန်း တွဲ(၁၂၀'x ၈၀'x ၁၄') အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အထက်ပုဇွန် တောင်လမ်း မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ အမှတ် (၂၄၀) မြေကွက် (၁၀၀'x၈၀') တို့အား လည်းကောင်း အိတ်ဖွင့် တင်ဒါခေါ်ယူ၍ သုံးနှစ်သက်တမ်း၊ တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်၍ ငှားရမ်း မည်ဖြစ်သည်။
          ငှားရမ်းသည့် တန်ဖိုး၏ တစ်လ စာအား စပေါ်ငွေအဖြစ်ထားပြီး ငှား ရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာ ခိုင်နှုန်းတို့အား ၁၂ လစာကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ငါးရာခိုင်နှုန်းတိုးမြှင့်၍ ငှားရမ်းရန် အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိတ်ဖွင့်တင်ဒါပုံစံများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ရုံး အမှတ် (၃) နေပြည်တော်တွင် ဖေဖော် ဝါရီ ၅ ရက်မှ ၂၁ ရက် ရုံးချိန်အတွင်း ရောင်းချေ ပးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်အထိ ၁၅း၀၀ နာရီတွင် ပိတ် သိမ်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တင်ဒါအား ဖေဖော်ဝါရီလ ၂၂ ရက် တွင် ဖွင့်ဖောက်မည်ဖြစ်ပြီး ဖွင့်ဖောက် မည့်နေ့တွင် တင်ဒါတင်သွင်းသူကိုယ် တိုင်ဝန်ကြီးဌာန တင်ဒါကော်မတီ၏ ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါ ပုံးအတွင်း ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သိရသည်။
          ငှားရမ်းမည့် အဆောက်အဦ/ အခန်း/ သိုလှောင်ရုံ/  မြေကွက်များ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု နိုင်ပြီး အသေးစိတ်အချက်အလက်များ အားသိရှိလိုပါက တင်ဒါပုံစံရောင်းချ မည့်နေရာတွင် လူကိုယ် တိုင်ဖြစ်စေ၊ ဖုန်းအမှတ် ၀၆၇-၄၀၈၄၁၀ သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

 

ခင်မိုးသူ

Local Trade News

Pages