ဈေးကောင်းရရှိဖို့ စပါးမျိုး ပြောင်းလဲစိုက်ပျိုးကြပါစို့

Thu, 12/05/2019 - 04:37 -- admin_ygn

      မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးများစတင် ထွက်ရှိနေပြီဖြစ်ရာ အောက်တိုဘာ ၃၁ ရက်ထိ  စိုက်ဧက ၁၄ ဒသမ ၉၇၆ သန်းအပေါ်  ဧက သုည ဒသမ ၉၈၄သန်း ရိတ် သိမ်းနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်း ၇၃ ဒသမ ဝ၄ တင်းဖြင့် စပါးတင်း  ၇၁ ဒသမ ၈၉၈ သန်း ထွက်ရှိနေပြီဖြစ် သည်။ တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုနည်းသွားသည့်အတွက် ပြည်တွင်းစပါးဈေးများ ထိုးကျလျက်ရှိရာ   မြန်မာနိုင်ငံကနေ ပြည်ပသို့ စပါးတင်ပို့ခွင့်ကို  တန်ချိန်  နှစ်သိန်းကနေ ငါးသိန်း ကြားအထိ တင်ပို့ခွင့်ပြုရန်   ရှိနေကြာင်းနှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ စပါးတင်ပို့ခွင့် လာ လျှောက်သည့်ကုမ္ပဏီများအား   စိစစ်ပြီး   ဦးဆောင်အဖွဲ့သို့ တင်ပြပြီး   ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ပြည်တွင်းစပါးဈေးကျဆင်းပါက   အစိုးရအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တို့၌ ကျပ်ငွေ ၁၃ ဘီလီယံ အသုံးပြုပြီး  အခြေခံပေါက်ဈေး အတိုင်း တင်ဒါစနစ်ဖြင့် ဝယ်ယူသွားရန် အစီအစဉ်ရှိကြောင်း လည်း သိရှိရသည်။

       ယခုစပါးပေါ်ချိန်တွင်   ရိတ်သိမ်းထွက်ရှိမှု အများဆုံး ဖြစ်သော   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်များသို့ ရိတ်သိမ်းထွက်ရှိမှု အခြေအနေများကို   ကွင်းဆင်းလေ့လာ ခဲ့သည်။  မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်   ဆားမလောက် ကျေးရွာရှိ တောင်သူ ဦးပါကြီး စိုက်ပျိုးထားသော ပခမ်းရွှေဝါ မျိုး ရိတ်သိမ်းနေမှုနှင့် တောင်သူဦးကျော်ဝင်း စိုက်ပျိုးထား သော  မနောသုခစပါး  ရိတ်သိမ်းနေမှုများအား လေ့လာခဲ့ရာ ပခမ်းရွှေဝါစပါးမျိုးသည် တစ်ဧကလျှင် အစိုဓာတ်  ၂၅ % ရှိ ၄၆ ပေါင်ကိုက် စပါးတင်း ၁၁၇ တင်းထွက်ရှိပြီး အခြောက်ခံ ပါက အစိုဓါတ် ၁၄  %  ရှိ    ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၂ တင်းထွက်ရှိကြောင်း သိရှိရသည်။   တစ်ဧက   ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်  ၄၀၂၆၅၀ ဖြစ်ပြီး    ဈေးနှုန်းအနေဖြင့် ၄၆ ပေါင်ကိုက် တင်း ၁၀ဝ လျှင် ကျပ်  ၇၃၆၀ဝ၀ ဖြစ်၍  တစ် ဧကလျှင် ကျပ် ၃၄၈၀၇၀ အကျိုးအမြတ်ရှိကြောင်းနှင့်ရေကျ နောက်စိုက် စပါးမျိုးအဖြစ် ရောင်းချလျက်ရှိကြောင်း သိရှိရ သည်။ မနောသုခ စပါးမျိုးသည် တစ်ဧကလျှင် ဆန်စက်ပိုင်ရှင် များ ဝယ်ယူသည့် အစိုဓာတ် ၁၇-၁၈ % ရှိ   ၄၆ ပေါင်ကိုက် စပါးတင်း ၈၂ တင်းထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၄၆ ပေါင် ကိုက် စပါးတင်း ၁၀ဝ လျှင် ကျပ် ၄၄၂၀ဝ၀ ဈေးရှိသည်။

       စပါးစိုက်ပျိုး ထုတ်လုပ်ရောင်းချနေသော တောင်သူကြီးများအနေဖြင့် မိရိုးဖလာ စပါးမျိုးအမြောက်အမြားကို စိုက်ပျိုးခြင်းမပြုတော့ဘဲ ဈေးကွက်ဝယ်လိုအားရှိပြီး အထွက် နှုန်းကောင်း၍ မိမိဒေသနှင့်ကိုက်ညီသော စပါးမျိုးကိုရွေးချယ်၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးသည့် ရွှေဘိုပေါ်ဆန်း၊ ရွှေဘိုဧရာမင်းကဲ့သို့  အရည်အသွေးကောင်းမွန်သော တိုင်း ဒေသကြီး/ မြို့နယ် ကိုယ်စားပြု ကိုယ်ပိုင်စပါးမျိုးများ ထွက်ရှိလာအောင် ပြောင်းလဲစိုက်ပျိုးသင့်သလို စပါးစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်  လိုအပ်လျက်ရှိသည်။ သို့မှသာ စပါးပေါ်သည့် အချိန်တွင် တွက်ခြေကိုက် ဈေးကောင်းရရှိပြီး  တောင်သူများ အကျိုးအမြတ်ရရှိမည်ဖြစ်ပါ၍  တောင်သူများအနေဖြင့် စိုက် ပျိုးရကျိုး ပင်ပန်းရကျိုးနပ်အောင် ဈေးကွက်ဝင် တွက်ခြေ ကိုက်သည့် စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရသည်။

 

မိုးမိုးခိုင်- DOCA  Domestic

 

Local Trade News

Pages