ဆန်သစ်အဝယ်လိုက်လို့ အရောင်းအဝယ်သွက်

Tue, 02/21/2017 - 03:42 -- admin_ygn

        ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်မှာ ရွှေဘို ပေါ်ဆန်းဆန် အသစ်(ရှယ်) အရောင်းအဝယ်သွက်ပြီး ဈေး အနည်းငယ်တက်လာကြောင်းသိရပါတယ်။  ဖျာပုံ၊ ပုသိမ်၊ မြောင်းမြနဲ့ ကျိုက်လတ်ပေါ်ဆန်းဆန်တွေကေ တာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ်၃၀၀၀၀နဲ့  လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၂၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ်အိတ်ကျပ်၂၇၀၀၀ နဲ့ဈေးငြိမ်နေသော်လည်း ရွှေဘိုပေါ်ဆန်းအသစ်(ရှယ်)ကတော့ တစ်အိတ် ကျပ် ၃၅၀၀၀မှ ကျပ် ၃၇၀၀၀အထိဖြစ်ပြီး ယခင်တစ်ပတ်ထက် တစ်အိတ် ကို ကျပ် ၁၀၀၀ ခန့်ဈေးတက်လာကြောင်းသိရပါတယ်။ ရွှေဘိုပေါ်ဆန်းက လူကြိုက်များ ပြီး အဝယ်သွက်တာကြောင့် ဈေးကွက်လည်းရှိ ဈေးလည်းမာ ကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှသိရပါတယ်။
         ဆန်ဈေးတက်ပေမယ့် ဆန်ကြမ်းဈေးကတော့ ယခင် တစ်ပတ်အတိုင်းရှိနေပါတယ်။ ဧည့်မထထိပ်စ တစ်အိတ် ကျပ် ၁၈၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၇၀၀၀၊ နွေသီးထပ် (ရှယ်) တစ်အိတ်ကျပ် ၁၉၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ၊ နွေဆန်ရက်၉၀ တစ်အိတ်ကျပ် ၁၉၅၀၀မှ ကျပ် ၂၁၀၀၀၊ မနောသုခ တစ်အိတ်ကျပ် ၂၄၀၀၀မှ  ကျပ် ၂၅၀၀၀၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ်ကျပ် ၁၆၀၀၀ မှ  ကျပ် ၁၆၈၀၀၊ ဆန်ကြမ်းအသစ် (ရှယ်)တစ်အိတ်ကျပ် ၁၇၅၀၀မှ ကျပ် ၁၈၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိကြောင်း ဆန်ကြမ်းအသစ် (ရှယ်) အရောင်းအဝယ်သွက်ကြောင်း  ဆန်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
             မူဆယ်ဆန်ဈေးကွက်မှာ ယခုတစ်ပတ် ဆန်အရောင်း အဝယ်ကောင်းပြီး ဆန်ဈေးနှုန်း အတက်အကျသိပ်မရှိဘဲ ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။ ဧည့်မထ မှော်ဘီနဲ့ စူပါ ၅မှတ်တစ်အိတ် ၁၂၅ ယွမ်မှ ၁၂၇ ယွမ်၊ ၁၀ မှတ်တစ်အိတ် ၁၂၁ယွမ်မှ ၁၂၄ ယွမ်၊ ၁၅ မှတ်တစ်အိတ် ၁၁၇ ယွမ်မှ ၁၁၉ ယွမ်၊ ၂၅ မှတ် တစ်အိတ် ၁၁၄ ယွမ်မှ ၁၁၆ ယွမ်၊ ၃၅ မှတ် တစ်အိတ် ၁၀၉ယွမ်မှ ယွမ် ၁၁၀၊ ငစိန် ၅ မှတ် တစ်အိတ်၁၂၁ ယွမ်မှ ၁၂၃ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၁၇ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၂၅ မှတ်တစ်အိတ် ၁၁၅ ယွမ် မှ ၁၁၆ ယွမ်ရှိပါတယ်။ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ ဆန်တန်ချိန် ၁၁၈၄၃ ရှိပြီး အရောင်းအဝယ်ေ ကာင်းကြောင်း၊ တစ်ခါတစ်ရံ တစ်ဖက် နိုင်ငံမှာ အစစ်အဆေးရှိကြောင်း သိရ ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၅ ကျပ် ဈေးပေါက် ကြောင်းသိရှိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages