စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရင်းအနှီးဈေးကွက်၏ အရေးပါမှု

Tue, 08/22/2017 - 07:31 -- admin_ygn

      အာဆီယံဒေသတွင်းရှိ မဲခေါင်ဒေသ (Greater Mekong Sub-Region,GMS)ကြီးတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ၊ဗီယက်နမ်နှင့် တရုတ်နိုင်ငံရှိ ယူနန်ဒေသနှင့် ဂေါင်ဇီဇူယန်း ဒေသတို့ ပါဝင်ဖွဲ့စည်းထား ပါသည်။ ဤဒေသကြီးသည် လက်ရှိကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိုးတက်နေသည့် ဒေသတစ်ခုအဖြစ်လည်းကောင်း၊ သယံဇာတအပေါများဆုံး ဒေသအဖြစ်လည်းကောင်း တစ်ကမ္ဘာလုံးက အသိအမှတ်ပြုအာရုံစိုက်ခံရသည့် ဒေသတစ်ခု ဖြစ်လာပါသည်။ ယင်းသို့လျင်မြန်စွာတိုး တက်လာသည့် မဲခေါင်ဒေသကြီးတွင် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ လျင်မြန်စွာ တိုးတက်စေရေးနှင့် ဒေသကြီးအတွင်း ပညာရေးကဏ္ဍတိုးတက်စေရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်လျက် ရှိပါသည်။ ဤသို့ လျင်မြန်စွာတိုးတက်နေသည့် မဲခေါင်ဒေသကြီးနှင့်အတူ ကမ္ဘောဒီးယား၊လာအိုနှင့် မြန်မာနိုင်ငံတို့သည် အရင်းအနှီးဈေးကွက် (Capital Markets) များကို အောင်မြင် စွာ တည်ထောင်နိုင်ခဲ့ကြပြီး အဆိုပါအရင်းအနှီးဈေးကွက်များမှတစ်ဆင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သည့် ငွေအရင်းအနှီးများကို ထိရောက်စွာ စုဆောင်းနိုင်တော့မည်ဖြစ်ပါသည်။ မဲခေါင်ဒေသ တွ င်းနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုအလား အလာများနှင့် ပြည့်နေသော်လည်း အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ဤ ဒေသကြီးတွင် လုံလောက်သည့် အခြေခံအဆောက်အအုံများ ဖြည့်တင်းရန် လိုအပ်နေခြင်းပင်ဖြစ်သည်။ အဓိကအားြ ဖင့် စွမ်းအင် မလုံလောက်မှု၊ လမ်းတံတားအစရှိသည့် ပို့ဆောင်ရေးအခြေခံများ မလုံလောက်မှု၊ ဆက်သွယ်ရေးဆိုင်ရာအခြေခံများ မလုံလောက်မှု၊ ယင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ကာလရှည်ငွေကြေးအရင်းအနှီးများ မလုံေ လာက်မှု စသည်တို့ပါဝင်ပါသည်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍသည် ငွေကြေးအရင်းအနှီးများပြားစွာ သုံးစွဲရသည့် အတွက် ယင်းလိုအပ်သည့်ငွေကြေးအရင်းအနှီးကို မည်သို့ရှာဖွေမည်ဆိုသည်မှာ အဓိကစဉ်းစားရမည့်အချက်ြ ဖစ်လာပါသည်။
           မဲခေါင်ဒေသတွင်းနိုင်ငံများ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်အလျောက် ယင်းစွမ်းအင်ကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေရရှိရေးသည် အရေးပါသည့်နေရာမှ ရပ်တည်လျက် ရှိပါသည်။ စွမ်းအင်ကဏ္ဍသည်ငွေကြေး အရင်းအနှီး များပြားစွာလိုအပ်သော်လည်း အဆိုပါဂျီအမ်အက်စ်နိုင်ငံတို့သည် နိုင်ငံ၏ ဘဏ္ဍာငွေမှ စွမ်းအင်ကဏ္ဍအတွက် လုံလောက်စွာ ကျခံနိုင်ရန် မလွယ်ကူလှပါ။ ထို့အတူ ဂျီအမ်အက် စ်နိုင်ငံတို့တွင် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသော်လည်း ဘဏ္ဍာငွေနှင့် နည်းပညာများ နည်းပါးမှုကြောင့် ကိုယ့်ထူကိုယ်ထစနစ်ဖြင့် ထုတ်ယူနိုင်ရန် မလွယ်ကူလှသည်ကို တွေ့ရပါသည်။ သို့အတွက် ဂျီအမ်အက်စ်နိုင်ငံတို့၏ စွမ်းအင်ကဏ္ဍအတွက် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့မှ အကူအညီများရယူကာ ဆောင်ရွက်ကြ ရ ပါသည်။ စွမ်းအင်ပရောဂျက် အများစုမှာတည်ဆောက်၊ မောင်းနှင်၊လွှဲပြောင်းသည့် BOT စနစ်ကိုကျင့်သုံးပြီး အများအားဖြင့် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ ပါဝင်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပါသည်။ သို့သော်လည်း ထူခြားသည့် အချက်အနေနှင့် မဲခေါင်ဒေသ နိုင်ငံအချို့သည် မိမိတို့နိုင်ငံစွမ်းအင်ကဏ္ဍအတွက် လိုအပ်သည့် ငွေကြေးအရင်းအမြစ်ကို အရင်းအနှီးဈေးကွက် (Capital Markets)မှ တစ်ဆင့် ထိရောက်စွာ စုဆောင်းကာလုပ်ငန်းများကို ဆော င်ရွက်ခဲ့ကြသည့်သာဓကများကို တွေ့မြင်ရပါသည်။ အထူးသဖြင့် လာအိုနိုင်ငံ၏ အရှိန်အဟုန်မြင့်မားစွာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ချိမှုကို ဆောင်ရွက်နိုင်ခဲ့သည်မှာ ထင်ရှားသည့် သာဓကတစ်ခု ဖြစ်ခဲ့ပါသည်။ လာအိုနို င်ငံ လျှပ်စစ်ဓာတ်လုပ်ငန်း Electricité က Laos (EDL)နှင့် လာအိုအစိုးရတို့သည် ဆင်းရဲသူပြည်သူတို့အတွက် သုံးစွဲနိုင်သည့် အနေအထားရှိစေရေးအတွက် လျှပ်စစ်ကို အရှုံးခံဖြန့်ချိပေးခြင်း (subsidies)၊ ရှုံးသောနေရာကို မြတ် သော လုပ်ငန်းများမှ ဝင်ငွေနှင့် ကျခံလုပ်ဆောင်ခြင်း (cross-subsidies)တို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးကို လာအိုအစိုးရအနေဖြင့် သ က်သာသည့်ချေးငွေများ၊ ထောက်ပံ့ငွေများ ရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများ ရယူခဲ့ပေသည်။ ထိုအကူအညီများကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ တစ်ဆင့် EDLသို့ ပြန်လည် ချေးပေးခဲ့ပါသည်။
         လာအိုအစိုးရသည် လျှပ်စစ်ဖြန့်ချိ၍ရရှိသည့် ဝင်ငွေများထဲမှ အမြတ်ဝေစုကို EDLသို့ ခွဲဝေပေးခဲ့သည့်အပြင် Theun Hinboun နှင့် Houay Ho အစရှိသည့် ပရောဂျက်ကြီးများတွင် အစိုးရက EDLတွင် အစုရှယ်ယာဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များတွင် နိုင်ငံ၏ ပြည်ပလျှပ်စစ်ပို့ကုန်တန်ဖိုး၏ ၇၀ ရာခိုင်နှုန်း ကို EDLမှ ဖြည့်တင်းပေးနိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းတွင် EDLသည် ထိုင်းနိုင်ငံစတော့ဈေးကွက်မှတစ်ဆင့် အမေရိကန် ဒေါ်လာ ၉၄၈ သန်း တန်ဖိုးနှင့် အမေရိကန်ဒေါ်လာ ၂၀၃ သန်း တန်ဖိုးရှိ ငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေကာ ငွေအရင်းအနှီး မြှင့်တင်နိုင်ခဲ့ပါသည်။ စီးပွားရေးပုံသဏ္ဌာန်အမျိုးမျိုးနှင့် ရည်ရွယ်ချက် အမျိုး မျိုးတို့ ဖြင့် စီးပွားရေးလုပ်ငန်းကြီးများသည် ငွေချေးသက်သေခံလက်မှတ်များဖြစ်သည့် စတော့များ၊ ငွေချေးစာချုပ်များကို ထုတ်ဝေခဲ့သည့် သာဓကများစွာ ရှိပါသည်။ ထိုအထဲမှ ထိုင်းနိုင်ငံအခြေစိုက်အများ နှင့် သက်ဆိုင်သည့် ကုမ္ပ ဏီတစ်ခုဖြစ်သည့် CK Power ၏ ဆောင်ရွက်မှုမှာ ထင်ရှားပါသည်။ ယင်းကုမ္ပဏီကို ၂၀၁၁ ခုနှစ်တွင် တည် ထောင်ခဲ့ပြီး လျှပ်စစ်ဓာတ်အားကို အရင်းအမြစ်မျိုးစုံမှ ရယူထုတ် လုပ်ဖြန့်ချိခဲ့ပါသည်။ ထို့နောက် ၎င်း CK Power ၏ ရှယ်ယာများကို ထိုင်းစတော့အိတ်ချိန်း၌ ၂၀၁၃ ခုဇူလိုင်လတွင်  စာရင်းဝင် ကုမ္ပဏီ အဖြစ် တင်သွင်းကာရှယ်ယာများ ရောင်းဝယ်ဖောက်ကားခဲ့ပါသည်။ ၂၀၁၆ ခု တန်ဖိုးအရ ထိုင်းဘတ် ၁၄ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိရှယ် ယာများ ထုတ်ဝေရောင်းချပြီးဖြစ်ပါသည်။
          နောက်ထပ်နမူနာတစ်ခုမှာ လာအိုနိုင်ငံ၏ EDL-Gen ဖြစ်ပါသည်။ ၎င်းသည် ၂၀၁၄ ခု ဒီဇင်ဘာလတွင် ကြွေးမြီအဆင့် BBB+ သတ်မှတ်ထားသည့်ထိုင်းဘတ်အခြေပြုငွေချေးစာချုပ် အမျိုးအစား (၃)မျိုး (သက်တမ်း ၅ နှစ်၊ ၇ နှစ်နှင့် ၁၀ နှစ်)ကို ခွဲခြားကာ ထိုင်းစတော့အိတ်ချိန်းမှတစ်ဆင့် ထုတ်ဝေရောင်းချခဲ့ပါသည်။ ယင်းသည် လာအိုနိုင်ငံအတွက် နိုင်ငံတကာဈေးကွက်သို့ ခြေဆန့်နိုင်သည့် မှတ်တိုင်တစ်ခုဖြစ်ခဲ့ရုံမျှမက လာအိုအရင်းအနှီးဈေး ကွက်အတွက်လည်း ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ် ဖြစ်ခဲ့ပေသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် ဖိတ်ခေါ် နိုင်ခဲ့သည့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ပါသည်။ နောက်ထပ်နမူနာယူစရာ တစ်ခုရှိပါသည်။ ယင်းမှာထိုင်းနိုင်ငံ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် GPSC စွမ်းအင် ကုမ္ပဏီဖြစ်ပါသည်။ ၎င်းကုမ္ပဏီသည် စနစ်ကျနသော နည်းပညာ များဖြင့် တည်ဆောက်ဖွဲ့စည်းထားကာ ရေတိုရေရှည် စီမံကိန်းများချမှတ်၍ ဆောင်ရွက်နိုင်သဖြင့် ပြည်တွင်း-ပြည်ပ ရှယ်ယာရှင်များ၏ ယုံကြည်စိတ်ချမှုကိုရရှိခဲ့သည့် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါသည်။ GPSCသည် ပြည်တွင်းဈေးကွက်မှသည် ကမ္ဘာအဆင့်သို့ ထိုးဖောက် နိုင်သည့် ကုမ္ပဏီဖြစ်ခဲ့ရုံမျှမက စွမ်းအင်လောက၏စံထားစရာ ကုမ္ပဏီ လည်း ဖြစ်ခဲ့ပါသည်။ ၎င်းသည် ၂၀၁၅ ခုနှစ်၊ မေလတွင် ထိုင်းစတော့ အိတ်ချိန်းမှ တစ်ဆင့် ရှယ်ယာပေါင်း ၃၇၄ ဒသမ ၅၁ သန်းကို ထုတ်ေ၀ ရောင်းချခဲ့သည်။ မူလ တန်ဖိုး တစ်ရှယ်ယာလျှင် ၁၀ ဘတ်ရှိသော ရှယ်ယာ တစ်စုကိုဈေးကွက်တွင် ၂၇ ဘတ်ဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။ အချုပ်ဆိုရသော် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအောင်မြင်တိုးတက်ရေးအတွက် အစိုးရအသီးသီးသည် မူဝါဒအမျိုးမျိုးကို ချမှတ် ဆောင်ရွက်နေကြသည့်အချိန်တွင် နိုင်ငံပိုင်စီးပွားရေကဏ္ဍနှင့် ပုဂ္ဂလိကပိုင် စီးပွားရေးကဏ္ဍများအတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီးကို အစိုးရကိုချည်း အားကိုးမနေဘဲ အရင်းအနှီးဈေးကွက်မှ တစ် ဆင့် ငွေကြေးများ စုစည်းရရှိနိုင်ကြောင်း ဂျီအမ်အက်စ်နိုင်ငံအချို့၏  သာဓကများက ထင်ရှားစွာဖော်ပြလျက်ရှိပါသည်။

 

ထွန်းသက်ထွန်း