စီးပွားရေးအကျိုးဆောင် မှတ်ပုံတင် သက်တမ်းတိုး နောက်ကျခြင်း အတွက် ကောက်ခံမည့် နှုန်းထားများ ထုတ်ပြန်

Mon, 02/06/2017 - 06:42 -- admin_ygn

       စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်သက်တမ်းတိုး နောက်ကျခြင်းအတွက် ဒဏ်ကြေးများနှင့် ပြင်ဆင်ကြေး၊ မိတ္တူမှန်ကြေးများအား ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ကောက်ခံသွားမည် ဖြစ်သည်။ ကောက်ခံမည့် နှုန်းထားများမှာ သက်တမ်းတိုးလျှောက်ထားမှု နောက်ကျခြင်းအတွက် သက်တမ်းကုန်မည့် ပထမတစ်လအတွင်း လျှောက်ထားလျှင် အခမဲ့ပြုလုပ်ပေးမည်ဖြစ်ပြီး၊ သက်တမ်း ကုန်ပြီး ဒုတိယတစ်လတွင် လျှောက်ထားလျှင် ဒဏ်ကြေး ကျပ်သုံးသော င်း၊ သက်တမ်းကုန်ပြီး တတိယတစ်လအတွင်း လျှောက်ထားလျှင် ဒဏ်ကြေး ကျပ်ငါးသောင်း၊ သုံးလကျော်ပြီး ခြောက်လ အတွင်း လျှောက်ထားလျှင် ဒဏ်ကြေး ကျပ်တစ်သိန်း ကောက်ခံသွားမည်ဖြစ်သည်။ ခြောက်လကျော်လွန် သည့်မှတ်ပုံတင်များကို ပယ်ဖျက်သွားမည်ဖြစ်သည်။ ပြင်ဆင်ကြေးအဖြစ် ပြင်ဆင်ချက်တစ်ချက်လျှင် ကျပ်တစ်သောင်းပေးသွားရမည်ဖြစ်ပြီး မိတ္တူမှန်ကြေးအဖြစ် ကျပ်သုံးသောင်းကောက်ခံသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီး ဌာန က ထုတ်ပြန်ထားသည်။

 

မယ်သီတာ