စက်တင်ဘာ ၁ ရက်မှစ၍ မြန်မာ့ပင်လယ်ပြင်တွင် ငါး၊ ပုစွန် ဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုတော့မည်

Mon, 09/02/2019 - 08:51 -- admin_ygn

      မြန်မာ့ပင်လယ်ပြင်တွင် ငါး သယံဇာတ  ထိန်းသိမ်းရေး အစီအစဉ် အရ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးမဖမ်းရရာသီ သတ်မှတ် ၍ ပိတ်ပင်တားဆီးမှုများ ဆောင်ရွက်ခဲ့ သည်။ ယခင်နှစ်များက ငါးဖမ်း ရာသီ ပိတ်ပင်မှု ဆောင်ရွက်ထားစဉ်ကာလအတွင်း ပြည်သူများ၏ ငါးရိက္ခာစားသုံး မှုအပေါ်ထိခိုက်မှု မရှိစေရေး၊ ငါးဖမ်း လုပ်သားများ၊ ငါးတင်၊ ငါးချဆိပ်ခံ တံတားလုပ်သားများ၊ အအေးခန်းစက်ရုံ လုပ်သားများ၊ ဝယ်ရောင်း လုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင်  အခက်အခဲများဖြစ်ပေါ်မှု မရှိစေရေးအတွက် ငါးဖမ်းရေယာဉ်အချို့ကို ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် ဖြေလျှော့ ဖမ်းဆီးခွင့်ပေးခဲ့သော်လည်း ယခုနှစ်မှ စတင်၍  ငါးဖမ်း ဆီးခွင့်ကို ရာခိုင်ပြည့် ပိတ်ပင်ခဲ့သည်။
      ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားသည့် ကာလများအတွင်း ပင်လယ်ပြင်တွင် ငါး၊ ပုစွန်များလွတ်လပ်စွာ ပေါက်ဖွားခွင့်၊ ရှင်သန်ကြီးထွားခွင့်များ ရရှိလာသည့်အတွက် ပိတ်ပင်ကာလ သုံးလ နောက်ပိုင်း  ငါးပြန်လည်ဖမ်းဆီးသည့် အခါ ယခင်ထက် ဖမ်းဆီးရရှိမှု ပိုမိုလာ နိုင်ခြင်း၊ ငါး၊ ပုစွန်အကောင်များကြီးထွား ခွင့်ရရှိခြင်းစသည့် အကျိုးထူးများကို ရရှိမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ရက် မှစတင်၍  ပင်လယ်ပြင်သို့ ငါးဖမ်းဆီးရန် ထွက်ခွာကြ မည်ဖြစ်သည်။   ငါးဖမ်း ရေယာဉ်များသည် ငါးဖမ်းစက်လှေများ ကို ပြန်လည်ပြင်ဆင်ခြင်း၊ ငါးဖမ်းကိရိ ယာများကို ကြိုတင်ပြင်ဆင်ခြင်း၊ ရေခဲ များနှင့်  ဒီဇယ်ဆီများကို  ကြိုတင်ဖြည့် တင်းသည့်  လုပ်ငန်းများကို  လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီး ဌာနတွင် ငါးဖမ်းရာသီလိုင်စင်ကို ခွင့်ပြု ချက်များတောင်းခံလျက်ရှိကြသည်။ ရာသီဥတုကောင်းမွန်ပါက စက် တင်ဘာလ တတိယပတ်အတွင်းမှ စတင် ကာဈေးကွက်များအတွင်းသို့ ပင်လယ် ငါး၊ ပုစွန်များစတင်ဝင်ရောက်လာတော့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ်မှ  သတင်းရရှိသည်။    

 

ခိုင်သဉ္ဇာ(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)

Local Trade News

Pages