ငါးကြိမ်မြောက် Myanmar Water 2017 ကို အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ သုံးရက်ကြာပြုလုပ်မည်

Fri, 10/13/2017 - 05:49 -- admin_ygn

         ငါးကြိမ်မြောက် Myanmar Water 2017 ကို အောက် တိုဘာ ၂၆ရက်မှ ၂၈ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲနှင့်အတူ တတိယအကြိမ် ပြန် လည်အသုံးပြု နိုင်သော စွမ်းအင်နှင့် စွမ်းအင်အား ထိရောက်စွာအသုံးချခြင်း ပြပွဲ (RE EE 2017) ကို ပူးတွဲကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "Myanmar Water 2017 ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေစီ မံခန့်ခွဲမှုကို သိစေချင်တာပါ။ ရေအရင်းအမြစ်ကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ သန့်စင်ထားတဲ့ ရေကိုဘယ်လိုအသုံးချမလဲ၊ သုံးစွဲပြီးတဲ့ ရေတွေကို မူလရေအရင်းအမြစ်တွေဖြစ်တဲ့ မြစ် ချောင်းအင်းအိုင်တွေထဲကို သန့်စင်တဲ့နည်း လမ်းနဲ့ ဘယ်လို ပို့နိုင်မလဲဆိုတာကို သိစေချင်တာပါ။ ဒီလိုလုပ်နိုင်ဖို့ နည်း ပညာလိုအပ်သလို စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာ ဒီအကြောင်းအရာတွေကို ရှင်းလင်း ပြသသွားမှာဖြစ်ပါတယ်"ဟု UBM Asia ၏ မန်နေဂျင်းဒါရိုက် တာ Mr.M. Ghandhi က ပြောသည်။
          Myanmar Water 2017 ပြပွဲတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ ကုမ္ပဏီ ၁၈၀ ကျော် လာရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင် နှင့် စွမ်းအင်အား ထိရောက်စွာအသုံး ချခြင်းပြပွဲ (RE EE 2017) တွင် နေရောင်ခြည်စွမ်းအင်၊ ဇီဝဒြပ်ထုနှင့် ဇီ၀ လောင်စာ၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်နှင့် ဘူမိစွမ်း အင်အပါအဝင် စက်မှုလုပ်ငန်းရှိ ကဏ္ဍပေါင်းစုံမှ ဝန်ဆောင် မှုနည်းပညာများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ထောက်ပံ့ပေး မည့်အဖွဲ့များနှင့် ပစ္စည်းကိရိယာများကို ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
        Myanmar Water 2017 ပြပွဲနှင့် ပြန်လည်အသုံးပြု နိုင်သော စွမ်းအင်နှင့် စွမ်းအင်အားထိရောက်စွာအသုံးချခြင်း ပြပွဲ (RE  EE 2017)တို့အား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၊ အပြည်ပြည် ဆိုင်ရာရေအရင်းအမြစ်အသင်း၊  Singapore Manufacturing Federation (SMF)၊ ထိုင်ဝမ်ပတ်ဝန်းကျင်ဆိုင်ရာ ထုတ်လုပ် သူများအသင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်အသင်း(မြန်မာနိုင်ငံ)နှင့် ကုလ သမဂ္ဂစက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့တို့မှ ကူညီထောက်ပံ့ပေးကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages