ဂျပန်နိုင်ငံအတွင်းသို့ တင်သွင်းသည့် အစားအစာများတွင်ပါဝင်ရမည့် အများဆုံး ဓာတ်ကြွင်းပါဝင်မှုကန့်သတ်ချက် (Maximum Residue Limits) ကို ပြင်ဆင်မည်

Mon, 12/11/2017 - 08:30 -- admin_ygn

      ဂျပန်နိုင်ငံသို့ တင်သွင်းသည့် အစားအစာများတွင် ပါဝင်ရမည့် အများဆုံးဓာတ်ကြွင်းပါဝင်မှု ကန့်သတ် ချက် (Maximum Residue Limits)ကို The Food Sanitation Act နှင့်အညီ ပြင်ဆင် ပြောင်းလဲမည်ဖြစ်ကြောင်း ဂျပ န်နိုင်ငံရှိ မြန်မာသံရုံးမှ ပေးပို့ချက် အရ သိရှိရပါသည်။ စားသောက်ကုန်တင်သွင်းမှုများပြားလာခြင်းနှင့် စားသောက်ကုန်အမျိုး အစား ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ နိုင်ငံအချင်းချင်းအကြား စားသောက်ကုန်စီးဆင်းမှုသည် ဖွံ့ဖြိုး တိုးတက်လျက်ရှိသဖြင့် စားသောက်ကုန်ဘေး ကင်းလုံခြုံရေး အခြေအနေသည်လည်း ပြောင်းလဲလျက်ရှိပါသည်။ ယင်းအခြေ အနေတွင် ကျန်းမာရေးကိုထိခိုက်နိုင် သောကိစ္စရပ်များသည်လည်း တိုးပွား လျက်ရှိရာ ၂၀၂၀ တွင် ကျင်းပမည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစား ပြိုင်ပွဲများကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည်ဖြစ်၍ နိုင်ငံတကာစံချိန် စံနှုန်းနှင့်အညီ စားသောက်ကုန် သန့်ရှင်းသည့် စနစ်ဖြင့် ထိန်းချုပ်ရန်လို အပ်လျက်ရှိခြင်းကြော င့် စံနှုန်းများကို ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရပါ သည်။ ဂျပန်နိုင်ငံသည် စားသောက်ကုန်များ ဘေး ကင်းလုံခြုံရေးနှင့် ပတ်သက်သော အစီအမံများဖြစ်သည့် အစာအဆိပ် သင့်သည့်ကိစ္စများကို အာဏာ သက် ရောက်စေခြင်း၊ ဘေးအန္တရာယ်များ သည့် စားသောက်ကုန်များကို တားဆီးခြင်း၊ စားသောက်ကုန်ထည့်သည့်ဗူး၊ ဂျပ်ဖာများအပေါ် ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ စားသောက် ကုန်လုပ်ငန်းများအတွက် လိုင်စင်စနစ်ကို ပြန်လည် သုံးသပ်ခြင်း၊ စားသုံးရန် မသင့်သဖြင့် ပြန်သိမ်းသည့် သတင်း အချက်အလက်များ ကိုထုတ်ပြန်ခြင်း၊ ပို့ကုန်၊ သွင်းကုန်များအပေါ် ပြဋ္ဌာန်း ချက်များသည် ကျန်းမာရေးရှုထောင့် အရ ပိုမိုစိတ်ချရစေရန် သုံးသပ်ခြင်း များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
          အဆိုပါ အစီအမံများအနက်တစ်ခုအဖြစ် သွင်းကုန်တွင်ပါဝင်သော ဓာတုဓာတ်ကြွင်းပါဝင်မှု ကန့်သတ်ချက်ကို ကုန်စည်အလိုက်ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ယင်းစားသောက်ကုန်များ စာရင်းတွင် နှံစားသီးနှံများ၊ ပဲမျိုး စုံ (ပဲနီလေး၊ ပဲပုပ်၊ မြေပဲ၊ ထောပတ်ပဲ အပါအဝင်)၊ အာလူး၊ ဟင်းသီး ဟင်း ရွက် (မုန်လာဥ၊ မုန်လာထုပ်အပါအဝင်)၊ အသီးမျိုးစုံ၊ ဆီထွက်သီးနှံ(နေကြာစေ့၊ နှမ်း၊ မုန်ညင်းစေ့အပါအဝင်)၊ စားဆီ၊ အသားနှင့် အသားထွက်ပစ္စ ည်း၊ ငါးနှင့် ရေထွက်ပစ္စည်းစသည်တို့လည်း ပါဝင် ကြောင်း သိရပါသည်။ အဆိုပါ Maximum Residue Limits (MRL) များနှင့်ပတ်သက်၍ အကြံပြုချက်များ ပေးပို့လိုပါက ဒီဇင် ဘာ ၁၃ ရက် အရောက်ပေးပို့ရန်နှင့် ဂျပန်နိုင်ငံမှ သတ်မှတ်သော ကန့်သတ်ချက်များအား သက်ဆိုင်သည့်နိုင်ငံမှ သတ်မှတ်ချက်နှင့် တူညီစေလိုပါက သတ်မှတ်စေလိုသည့်နိုင်ငံ၏ MRL များပါဝင်သည့် အချက်အလက်များ ပေးပို့စေလိုကြောင်းတို့ကို ဖော်ပြပါရှိပါ သည်။ သို့ဖြစ် ပါ၍ ဂျပန်နိုင်ငံသို့ သီးနှံ၊ အသား၊ ငါး အစရှိသည့် စားသောက်ကုန်များ တင်ပို့သည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံ ၏ Maximum Residue Limits  ပြင်ဆင်မည့်အခြေအနေနှင့် ပတ်သက်သည့် အချက်အလ က်များကို သိရှိ ဆောင်ရွက်နိုင်စေရေး ဖော်ပြလိုက်ပါသည်။

 

Sources - ဂျပန်နိုင်ငံရှိ မြန်မာသံရုံး CTM(DOT)