ကုန်သွယ်ဖက်နိုင်ငံများအကြား အပြန်အလှန်အကျိုးရှိစေမည့် လွတ်လပ်သောကုန်သွယ်မှု

Mon, 10/16/2017 - 09:48 -- admin_ygn

         လွတ်လပ်သော ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ The Wall Street ဂျာနယ် တွင် အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Wilbur Rose က  Free Trade is A Two-Way Street အမည်ဖြင့် ဆောင်းပါး ရေးသားေ ဖာ်ပြထားပါသည်။ အဆိုပါဆောင်းပါးတွင် အမေရိကန်နှင့် ၎င်း၏ အဓိကကုန်သွယ်ဖက် နိုင်ငံများအကြား မျှတသောကုန်သွယ်မှု ဖြစ်ရန်အတွက် အမေရိကန်နိုင်ငံအနေ ဖြင့် ပြန်လည်ဆန်းစစ်သွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိပါ သည်။ အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားချက်များ အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ စီမံအုပ်ချုပ်မှုပုံစံတွင် အမေရိကန် နိုင်ငံဘက်မှ လွတ်လပ်သော ကုန်သွယ်မှုဒေသ ကတိကဝတ်များအရ အခြား နိုင်ငံများသို့ အေ ကာက်ခွန် သက်သာ ခွင့်ပေးအပ်ထားမှုများ၊ တစ်ဖက်သတ် အကောက်ခွန်သက်သာခွင့် ပေးအပ်ထားမှုများကို ပြန်လည်သုံးသပ်သွားနိုင် ဖွယ်ရှိကြောင်း ခန့်မှန်းနိုင်ပါသည်။
        အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား အမေရိကန်နိုင်ငံမှ ပေးအပ်သည့် Generalized System of Preference (GSP) အခွင့်အရေးကို မြန်မာနိုင်ငံ သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ေ န့တွင် ပြန်လည်ရရှိခဲ့ပြီး 8 Digit Level ရှိ Tariff Line ပေါင်း ၅၀၀၀ ခန့်ကို အကောက်ခွန်ကင်းလွတ်ခွင့် (Duty Free) အစီအစဉ်ဖြင့် တင်ပို့ခွင့် ပြုထားပါသည်။ သို့သော် မြန်မာနိုင်ငံမှ တင်ပို့နိုင်သည့် ကုန်ပစ္စည်းအရေအတွက် မှာ အနည်းငယ်မျှသာရှိ ကြောင်း သိရှိရ ပါသည်။ အမေရိကန်၏ GSP အစီ အစဉ်အရ အကျုံးဝင်သော ကုန်စည်များမှာ ထုတ်ကုန်အများစုနှင့် ကုန် ကြမ်းများ၊ လက်ဝတ်ရတနာများ၊ လယ်ယာထွက်ကုန် ပစ္စည်းအများစု၊ ခရီး သွားသုံးပစ္စည်းများ၊ ကော်ဇောများဖြစ် ပါသည်။
       မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် အမေရိကန်ဘက်မှ ကုန်သွယ်မှုအသာ စီးရရှိလျက်ရှိသည့် အနေအထား ဖြစ် နေပါသည်။ မိမိတို့နိုင်ငံအပါအဝင် ဖွံ့ ဖြိုးမှုအနည်းဆုံး နိုင်ငံများအား ကမ္ဘာ့ကုန်သွယ်ရေးတွင် ပိုမိုပါဝင်လာစေရေး အတွက် ပေးအပ်ထားသည့် အခွင့် အရေးကို ပြန်လည်ရုပ်သိမ်းမည့် ဖြစ် နိုင်ခြေမှာ နည်းပါးသော်လည်း လက်ရှိ နိုင်ငံရေး  အခင်းအကျင်းနှင့်တကွ အမေရိကန်သမ္မတ၏ နိုင်ငံအကျိုး စီးပွားကို ကာကွယ်မည့်ဖြစ်နိုင်ခြေများ ကြောင့် တရားသေတွက်ချက်၍ မရ သည့် ကိစ္စရပ်လည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ အကောက် ခွန် သက်သာခွင့်ဆိုင်ရာ အစီအစဉ်ကို အကျိုးခံ စားခွင့်ရသည့် နိုင်ငံများအနေ ဖြင့် Core Principle များဖြစ်သည့် နိုင်ငံတကာအသိအမှတ်ပြု အလုပ်သမား အခွင့်အရေးများ ပြင်ဆင်ထားရှိရန် လိုအပ်ပြီး အသင်းအဖွဲ့များ၏ အခွင့်အရေး၊ စုပေါင်းညှိနှိုင်းခြင်းနှင့် စုစည်း ဆောင် ရွက်နိုင်မှုအခွင့်အရေး၊ အဓမ္မ ခိုင်းစေခြင်းအား တားမြစ်ချက်၊ အလုပ် သမားများ၏ ပြည့်မီရမည့် အသက်ကန့် သတ်ချက်၊ အခြေခံလစာ၊ အလုပ်ချိန်၊ အလုပ်ခွင်ဘေးကင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ရှိသင့်သည့်အခြေ အနေ များကို ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်ပြီး ကလေး အလုပ်သမားခိုင်းစေမှု ပပျောက်ရေး ကတိပြုလုပ်ဆောင်နိုင် ရန်လည်း လိုအပ်ပါသည်။
     သို့ဖြစ်၍ အမေရိကန်မှပေးအပ် သည့် GSP အခွင့်အရေးကို ဆက်လက် ရရှိစေရေးအတွက် နိုင်ငံတကာအသိ အမှတ်ပြု အလုပ်သမားအခွင့်အရေး များကို ပြင်ဆင်သည့်အနေဖြင့် အလုပ် သမားဆိုင်ရာ မူဘောင်ကို ပိုမိုကော င်း မွန်စေရန် ပြုပြင်ပြောင်းလဲမှုလိုအပ် သကဲ့သို့ တစ်ဖက်တွင်လည်း အမေရိကန် နိုင်ငံမှ ပေးအပ်ထားသည့် အခွင့်အရေး များကို အပြည့်အဝအသုံးချ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်မှု ဆောင်ရွက် နိုင်ရန်အတွက် ကုန်ထုတ် လုပ်မှုကဏ္ဍ၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအား ပိုမိုတိုး တက်စေရေးအတွက် တွန်းအားပေး ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ မူဘောင် သဘော တူ စာချုပ် (Trade and Investment Framework Agreement-TIFA) ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ၎င်းင်း၏အုပ်ချုပ်မှု ကာလအတွင်း အမေရိကန် ပြည်သူ ပြည်သားများ၏ အကျိုးစီးပွားကို ရှေးရှုကာ American First Trade Policy ကို ကျင့်သုံးမည်ဖြစ်ပါသည်။ ကုန်သွယ် ရေး မူဝါဒသစ်အရ အမေရိကန်နိုင်ငံ အနေနှင့် ဒေသဆိုင်ရာ ကုန်သွယ်မှု ထက် နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူစာချုပ်များချုပ်ဆိုရန် လိုလားလျက်ရှိပါ သည်။
        သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်  အမေရိကန်နိုင်ငံ၏ GSP အစီအစဉ် အရ ရရှိမည့်အခွင့် အရေးနည်းပါးနေ ခြင်း၊ လက်ရှိမြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အကြားရေးထိုးထားသော TIFA အရ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များမှာ ဘောင်ကျဉ်းမြောင်းနေခြင်း အစရှိ သည်တို့ကြောင့် TIFA ၏ Article Three ကောင်စီ၏ လုပ်ဆောင် ချက်များအနက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန်စိစစ်ဆောင်ရွက်ြ ခင်းကို ရည်ညွှန်း၍ မြန်မာ နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား Trade Liberalization ကို ဦးတည်သည့် နှစ်နိုင်ငံကုန်သွယ်မှု သဘောတူစာချုပ် (Bilateral Trade Agreement) ကို ချုပ် ဆိုကာ အကောက်ခွန်သက်သာ ကင်း လွတ်ခွင့်အစီအစဉ်ကို အကောင်အထည် ဖော် ဆောင်ရွက်သင့်ပါကြောင်း သုံး သပ် တင်ပြလိုက်ရပါသည်။

 

သီတာကျော်