ကိုရီးယားနိုင်ငံ Goyang-si တွင် International Horticulture Goyang Korea 2013 ပြပွဲကျင်းပမည်

Tue, 05/07/2013 - 03:53 -- admin

ကိုရီးယားနိုင်ငံ Goyang-si တွင် ၂၀၁၃ ခုနှစ် ဧပြီ ၂၅ ရက်မှ မေ ၁၃ ရက်အထိ ကျင်းပမည့် International Horticulture Goyang Korea 2013 ပြပွဲသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ လုပ်ငန်းရှင်များအား ၂၀၁၃ ခုနှစ် ဧပြီ ၂၅ ရက်မှ ၃၀ ရက်အထိ ပါဝင်တက်ရောက်ပါရန် အာဆီယံ-ကိုရီးယားစင်တာမှ ကုန်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနသို့ ဖိတ်ကြားခဲ့ ပါသည်။ ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ horticulture နှင့် ဆက်စပ်သော အာဆီယံနိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများအား ကိုရီးယားဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် အာဆီယံနိုင်ငံများ မှကုမ္ပဏီများ စီးပွားရေး အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်နိုင်စေရန်ဖြစ်ပါသည်။ ပြပွဲတွင် အာဆီယံဥယျာဉ်ကို ထည့်သွင်းပြသသွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ အလှပန်းအိုးများ၊ ကြွေထည်ပစ္စည်းများနှင့် ဥယျာဉ်သုံးအလှဆင်ပစ္စည်းများ ပါဝင်ပြသရန်နှင့် အာဆီယံ တစ်နိုင်ငံလျှင် ပြသသူတစ်ဦးစီ ပါဝင်ပြသရန် ဖိတ်ကြားထားပါသည်။ ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီတစ်ခုစီမှ လုပ်ငန်းရှင်တစ်ဦးစီအတွက် အသွားအပြန် လေယာဉ်လက်မှတ်၊ တည်းခိုနေထိုင်စရိတ်၊ ဒေသတွင်းသွားလာ မှုများကို ပြပွဲကျင်းပသည့် Organizer မှကျခံပေးမည်ဖြစ်ပြီး ပြပွဲတွင် ပြသမည့် ပစ္စည်းများအတွက် သယ်ယူစရိတ်ကို ပြသသူကိုယ်တိုင် ကျခံရမည်ဖြစ်ပါသည်။ စိတ်ဝင်စားသည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ် ဖုန်း ၀၆၇-၄၀၈၄၁၁၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ ပြပွဲဌာန ဖုန်း ၀၁-၂၁၄၃၄၄ တို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
KKK

Local Trade News

Pages