ကားလောကနှင့် ကားလောဘ ပြဿ နာများ

Tue, 12/20/2016 - 06:11 -- admin_ygn

           မြန်မာနိုင်ငံမှာ အရင့်အရင် အစိုးရလက်ထက်တွေက ကားတင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့ရာကနေ တပ်မတော်အစိုးရလက်ထက်ကနေ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့တဲ့  နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်သူတိုင်းကားစီးနိုင်ရေးဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားပြီး ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့ရာမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ၁၁ ရက်မှာ နှစ်ပေါင်း ၄၀ သက်တမ်းရှိတဲ့ ယာဉ် အိုယာဉ်ဟောင်းတွေကို ပြန်လည်အပ်နှံပြီး နိုင်ငံခြားကနေ ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ စနစ်အရယာဉ်တင်သွင်းခွင့်ပြုရာမှာ ကားဟောင်းအပ်စလစ်နဲ့တင်သွင်း ခွင့် ပြုခဲ့တာ ပဲဖြစ်ပါတယ်။ အပ်ကားစနစ်နဲ့ တင်သွင်းကြရာမှာ တချို့သောလောဘသမားများက ပြည်ပက တိုက်ကြေ ကား များကိုပါ တင်သွင်းလာခဲ့ကြတာကို တွေ့ရပါတယ်။ နိုင်ငံ တော်အစိုးရက ချမှတ်ပေးခဲ့တဲ့ကားမူဝါဒကို လက် တစ်လုံးြ ခား ခုတုံးလုပ်ပြီး အကျင့်ပျက်ဝန်ထမ်းများနဲ့ ကားလောကရဲ့လောဘသမားတွေ လက်ဝါး ချင်းရိုက်ပြီး အဲဒီလိုတိုက်ကြေကားတွေ တင်သွင်းလာခဲ့တာပါ။ တိုက်ကြေကားတွေတင်သွင်းလာတာကို သိရှိခဲ့လို့ အရေးယူမှုတွေလည်း ြ ပုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ ကားတင်သွင်းခွင့်အစမှာ အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်မပိုတဲ့ မော်တော်ယာဉ်တစ်စီးကို အပ်ကားနေရာမှာ အစားထိုးတင်သွင်းဖို့ ၁၉၉၅ ခုနှစ် မော်ဒယ်အထက်ကားတွေကို ယာဉ်အိုယာဉ် ဟော င်း စနစ်နဲ့တင်သွင်းစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုကားတင်သွင်းခွင့်ပြုလိုက်တဲ့ အချိန်ကစပြီး ကားလော ကအတွင်း မှာ မသမာမှုတွေဟာ နည်းမျိုးစုံနဲ့ ပေါ်ထွက်ခဲ့ ပေါ်ထွက်နေဆဲပဲ ဖြစ်ပါ တယ်။
           ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက် က စတင်ပြီး ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေ၊ နိုင်ငံခြားသင်္ဘောသားတွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ဝန်ထမ်းတွေ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းကို လုပ်ကိုင်ေ နကြတဲ့ လုပ်ငန်းရှင်တွေ၊ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ၊ ကျောက်မျက် ရတနာရောင်းချ နေတဲ့ကုမ္ပဏီတွေ၊ ပြည်ပတာဝန်နဲ့သွားရောက် နေတဲ့ကာကွယ်ရေးဝန်ထမ်းတွေကို ရောက်ရှိ ခုနှစ်ရဲ့ လွန်ခဲ့တဲ့ငါးနှစ်က ထုတ်လုပ်တဲ့ယာဉ်ကို တင်သွင်းခွင့် ပြုခဲ့ပါတယ်။ အဲဒီနောက် ပြည်သူတွေကား တင်သွင်းရာ မှာ အခက်အခဲမရှိစေဖို့ ပြည်တွင်းမှာပဲ လွယ်ကူစွာ ဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ စ တင်ကာ မော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်နိုင်အောင် စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်ကစပြီး မော်တော်ယာဉ်အရောင်းပြခန်း (Show Room)တွေကို ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကားဝယ် စီးချင်တဲ့ ပြည်သူတွေဟာ မိမိကြိုက်နှစ်သက်ရာကားကို အလွယ်တကူနဲ့ဝယ်ယူလို့ရသွား တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်၊ မေလ ၇ ရက်မှာ အသက်(၁၈)နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားများ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး ၂၀၀၇ ခုနှစ် မော်ဒယ်နဲ့အထက် မော်တော်ကားများကို တင် သွင်းခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး တစ်ဦးချင်း မော်ေ တာ်ယာဉ် တင်သွင်းခွင့်တွေ ဖြစ် ပေါ်လာခဲ့ပါတယ်။
            အဲဒီလိုတစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပြုပေးလိုက်တဲ့အချိန်မှာ ယာဉ်အိုယာဉ် ဟောင်းရဲ့စလစ်ဈေးဟာ ကျပ် ၁၅၅ သိန်းကနေ ကျပ် ၆၅ သိန်းအထိ ပြုတ်ကျသွားခဲ့ရပါတယ်။ ဒါအပြင် အရပ်ထဲကခေါ်ဝေါ်နေကြ တဲ့ သင်္ဘော သားပါမစ်ဆိုရင် ကျပ်သိန်း ၇၀ ဈေးရှိရာကနေ ဈေးလုံးဝမရှိတဲ့အခြေအနေအထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီအခြေအနေတွေဟာ ကားတင်သွင်းမှုလောက ရဲ့အလှည့်အပြောင်းကာလတစ်ခု အခြေအနေ တစ်ရပ်လို့ ပြောရ မှာဖြစ်ပါ တယ်။ အဲဒီလိုမူဝါဒတွေ အဆင့်ဆင့်ပြောင်းလဲ ထုတ်ပြန်ပေးခဲ့တဲ့အပေါ် မသမာသူကားလောက သားတစ်စုဟာ ကားဈေးကွက်အပေါ် ကြီးစိုးနိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ လုပ် ဆောင်ခဲ့ကြပါတယ်။ ကားအရောင်း စင်တာဖွင့်လှစ်နိုင် ဖို့အတွက် ငွေအရင်းအနှီးလိုအပ်တာရယ်၊ အခွန်ကို ရှောင်ချင်တာရယ်၊ ကားဈေးကွက်ကို လွှမ်းမိုးချင်တာရယ်၊ အမြတ်ကြီးစားချင်တာရယ်ကြောင့် ကား လောကသားတချို့ဟာ တစ်ဦးချင်း ယာဉ်တင်သွင်းခွင့်ေ တွကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တစ်ဦးချင်းယာဉ်တင်သွင်းခွင့်ပြု ရာမှာလည်း ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်မပြုခင်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ေ ရာင်းဝယ်ရေးဘဏ်တို့မှာသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေးများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်(Authorized Dealer) လိုင်စင်ခွင့်ပြုပြီး ပုဂ္ဂလိကဘဏ်များကို ပုံမှန်ပို့ကုန်^သွင်းကုန်ကိစ္စ များ ဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုခဲ့တာကြောင့် အမှန်တကယ် ကားတင်သွင်းချင်တဲ့ သူတွေအတွက် အဆင်ပြေ စေခဲ့ပါတယ်။

 

ပုံတွင် ဆက်လက်ဖတ်ရှုရန်

 

ကြုံပြော

Local Trade News

Pages