ကယားပြည်နယ်မှ မန္တလေးမြို့သို့ နှမ်းအိတ်ပေါင်း လေးသောင်းကျော် တင်ပို့

Tue, 10/31/2017 - 09:40 -- admin_ygn

      ၂၀၁၇ ခုနှစ်အတွင်း နှမ်းထွက်ရှိချိန်မှ ယခု အောက်တိုဘာလ ၂၅ ရက်အချိန်ထိ နှမ်းအိတ်စုစု ပေါင်း ၄၀၀၉၉ အိတ်တန်ချိန်အားဖြင့် ၂၀၁၃ တန်ခန့်တင်ပို့ထားပြီးကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါတယ်။ တောင်သူများ သည် ရိတ်သိမ်းပြီးသည့်နှမ်းများကိုလက် ဝယ်တွင်ကြာရှည်စွာထားရှိပါက  အလေ့အလွင့်များခြင်း၊ အလေးချိန်လျော့နည်းလာနိုင်ခြင်း စသည့်အခြေအနေများ နှင့်ကြုံတွေ့နိုင်သောကြောင့် နှမ်းရိတ်သိမ်းပြီးသည်နှင့် မိမိတို့စိ တ်ကြိုက်ဖြစ်သောပွဲရုံများသို့ ချက်ချင်းရောင်းချကြ ကြောင်း သိရှိရပါတယ်။
        နှမ်းထွက်ရှိချိန်တွင် ကယားပြည်နယ်ရှိပွဲရုံများဟာလည်း နှမ်းကိုအပြိုင်အဆိုင်ဝယ်ယူနေကြပြီး တင်ပို့ကြ ကြောင်း၊ နှမ်းတင်ပို့ရာတွင်လည်း မန္တလေးမြို့ရှိပွဲရုံများသို့သာ အဓိကတင်ပို့ကြကြောင်း သိရှိရပါတယ်။ ယခုတစ် ပတ်အတွင်း နှမ်းအိတ်ပေါင်း ၁၀၆၉၁ အိတ်တန်ချိန်အားဖြင့် ၅၃၇ တန်ခန့် တင်ပို့ထားရာ ယခင်တစ်ပတ်ထက် နှမ်းတန်ချိန် ၁၈၅ တန်ခန့် လျော့နည်းတင်ပို့ထားကြောင်းနှင့် ယခင်တစ်ပတ်က နှမ်းအိတ် ပေါင်း ၁၄၃၇၃ အိတ်  တန်ချိန်အားဖြင့် ၇၂၂ တန်ခန့် တင်ပို့ ထားရာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအထိ နှမ်း အများဆုံး တင်ပို့သည့် ရက်သတ္တပတ်ဖြစ်ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါတယ်။ ယခုတစ်ပတ်အတွင်း ကယားပြည်နယ်တွင်  နှမ်း(ဖြူ) တစ်ပိဿာလျှင် ကျပ် ၂၃၅၀၊ နှမ်း(နက်) တစ်ပိဿာလျှင် ကျပ် ၂၇၀၀၊ စမုံနက်နှမ်းတစ်ပိဿာလျှင် ကျပ် ၂၇၀၀ ဈေး ပေါက်ပြီး ဈေးငြိမ်နေကြောင်း ကယားကုန်ဈေးနှုန်းသတင်း အရ သိရှိရပါတယ်။ 

 

ထွန်းနိုင်လင်း (လွိုင်ကော်)