ကက္ကူဒေသဝန်းကျင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Wed, 09/18/2019 - 04:40 -- admin_ygn

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့နယ် ကက္ကူ ကျေးရွာ မွေတော်ကက္ကူဘုရားဓမ္မာရုံ၌ စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် သစ်သီးဝလံစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှု ရှိသော ခရီးသွားလုပ်ငန်းတို့ အကြား ချိတ်ဆက်လုပ်ကိုင်မှုဖွံ့ဖြိုးရေး စီမံကိန်း ၏ Implementation Agency ဖြစ်သည့်  International  Trade Center (ITC) မှ ကက္ကူဒေသဝန်းကျင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ သည်။
       အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် တာဝန်ရှိသူများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာန မှ တာဝန်ခံ၊ စီမံကိန်းမှ တာဝန်ရှိသူများ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ရွှေကျွန်းမျောဟိုတယ်မှ တာဝန်ရှိသူများ၊ ကက္ကူဈေးကော်မတီအဖွဲ့၊ ကက္ကူဘုရားဂေါပက အဖွဲ့၊ လက်မှုလုပ်ငန်းရှင်များ၊  ရိုးရာမုန့်လုပ်ငန်းရှင်များ၊ ကက္ကူ ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဝင်များ စုစု ပေါင်း  ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။ ကက္ကူဒေသဝန်းကျင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် (တောင် ပိုင်း) ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်နန်းမြင့်၊ ကျောက်တလုံးကြီးမြို့နယ်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောချမ်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
    အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင်ဦးခွန်ထွန်းဦးက Community Involved Tourism Pa-O Region (CITPAR) ပအိုဝ်းဒေသပြည်သူလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း၏ လုပ်ဆောင်ချက်များ၊ International  Trade Center (ITC) မှ တာဝန်ရှိသူ International Consultant Dr. Nicole Haeusler က ကက္ကူဒေသအတွင်း ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်သည့် ငါးရက်တာ ကွင်းဆင်းကြည့်ရှုခြင်းမှ တွေ့ရှိချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို  အကျဉ်းချုပ်တင်ပြဆွေးနွေးခဲ့ သည်။

 

စောဝင်းကျော် (ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန)