TPP မှ အမေရိကန်နိုင်ငံ နုတ်ထွက်ပြီးနောက် အာရှ-ပစိဖိတ်ကုန်သွယ်မှုလုပ်ငန်းစဉ် နှစ်ခုအား တရုတ်နိုင်ငံက ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်

Wed, 02/15/2017 - 03:35 -- admin_ygn

      အာရှ-ပစိဖိတ်ဒေသ ၁၂ နိုင်ငံ နှင့် လွတ်လပ်သော ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှုတစ်ခုဖြစ်သည့် Trans-Pacific Partnership (TPP) မှ နုတ်ထွက် ကြောင်း အမေရိကန်သမ္မတသစ် ဒေါ်နယ် ထရမ့်က ဇန်နဝါရီ ၂၃ ရက်တွင် လက် မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်နိုင်ငံက လက်ရှိညှိနှိုင်းဆောင်ရွက်နေသည့် အာရှပစိဖိတ်ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှစ်ခုဖြစ်သည့် ဒေသ တွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Regio -nal Compre-hensive Economic Partnership  - RCEP နှင့် အာရှ-ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်မှုဇုန် (Free Trade Area of the Asia-Pacific-FTAAP)ကို ဆက်လက်အရှိန်မြှင့် တင် ဆောင်ရွက်မည်ြ ဖစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်က ပြောကြားလိုက်ပါသည်။
       TPP မှ အဖွဲ့ဝင်နိုင်ငံများ အနေ ဖြင့် TPP ကို ဆောင်ရွက်ရန် ငါးနှစ် ကြာညှိနှိုင်းခဲ့ရပြီး ၂၀၁၆ခုနှစ် ဖေဖော် ဝါရီလ၌ တရားဝင် အတည်ပြု လက် မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အာရှ-ပစိ ဖိတ်နိုင်ငံများနှင့် ပွင့် လင်း မြင်သာပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ RCEP သည်  အာဆီယံ ၁၀ နိုင်ငံ အပါအဝင် တရုတ်၊ ဂျပန်၊ သြစတြေး လျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယ ၁၆ နိုင်ငံတို့ ဖြင့် ဖွဲ့စည်းထားသည့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက် မှု လုပ်ငန်းစဉ်ဖြစ်ပါသည်။
        FTAAP ကို ၂၀၁၄ ခုနှစ် ပေကျင်း ၌ ကျင်းပခဲ့သည့် အေပက် ထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အေပက် နိုင်ငံ ၂၁ နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ထောင်ခြင်းဖြစ်ပြီး ကမ္ဘာ့စီးပွားေ ရး၏ ၅၇ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ ကုန်သွယ်မှု၏ ထက်ဝက်ခန့်ရှိပါသည်။ TPP မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ခြင်းသည် ပြည်တွင်းစီးပွားရေးကို ပြန်လည်အားဖြည့်ခြင်းဖြစ်သည့်အပြင် အမေရိကန်အစိုးရသစ်အနေဖြင့် အာရှ နိုင်ငံ များအပေါ် အာရုံစိုက်မှုနည်းပါးသည့် လက္ခဏာ တစ်ခုလည်းဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် အာရှ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုအတွက် အခွင့်အလမ်းကောင်း  တစ်ခုသာမက  နိုင်ငံတကာကိစ္စရပ်များ၌လည်း အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်လာဖွယ်ရှိကြောင်း လေ့လာသူ တချို့က သုံးသပ် ကြပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages