၂၀၁၆-၁၇ ရာသီအတွက် အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှု ပမာဏ တန်ချိန် ခုနစ်သန်းခန့် လျော့နည်းနိုင်

Mon, 02/06/2017 - 06:55 -- admin_ygn

        နောက်ဆုံးထုတ်ပြန်ထားသည့် အစီရင်ခံစာများအရ အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်နိုင်မှု ပမာဏမှာ ကောင်းမွန်သည့် အနေအထားသို့ ရောက် ရှိလာပြီဖြစ်သော်လည်း လာမည့်လများ ၌ ခက်ခဲကျပ်တည်းသည့် အခြေ အနေ နှင့် တွေ့ကြုံရဖွယ်ရှိကြောင်း၊ အိန္ဒိယ နိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၃၁ ရက် အထိ သကြား ပမာဏတန်ချိန် ၈ ဒသမ ၀၉ သန်းခန့် ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခင်နှစ် အလားတူကာလ ထုတ်လုပ် နိုင်မှု ပမာဏမှာ တန် ချိန် ၈ ဒသမ ၀၅ သန်းခန့်ဖြစ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ သကြားကဏ္ဍတွင် သကြားထုတ်လုပ်နိုင်မှု စာရင်းဇယား အချက်အလက်များအရ အနည်းငယ် ကောင်းမွန်လာသည့် အခြေအနေ ဖြစ် သော်လည်း ၎င်းကဏ္ဍ သည် လာမည့် လများ၌ ကောင်းမွန်သည့် အနေအထား တွင် မရှိနိုင်ကြောင်း၊ နိုင်ငံအတွင်း သကြား အများဆုံးထုတ်လုပ်သည့် ပြည်နယ်ဖြစ် သည့်   မဟာရသျှတ္တရာပြည်နယ်တွင် ပြည်နယ်အတွင်းရှိ သကြားစက် ၁၄၇ စက်အ နက် ၂၅ စက် နီးပါးသည် ကြံ အထွက်နှုန်း လျော့နည်းသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားကြကြောင်း သို့ဖြစ်၍ အဆိုပါ ပြည်နယ်၏ သကြား ထုတ်လုပ်နိုင်မှုပမာဏမှာ ယခင်နှစ် အလားတူကာလ ထက် ၂၅ ရာခိုင်နှုန်း ခန့် လျော့နည်းနေကြောင်း၊ ထိုမျှသာမက လာမည့် ဖေဖော်ဝါရီလကုန် တွင်လည်း အဆိုပါ ပြည်နယ်အတွင်းရှိ အခြားသော သကြားစက်အမြောက်အများ မှာလည်း လုပ်ငန်းများရပ်ဆိုင်းလာဖွယ် ရှိ ကြောင်း သိရှိရပါသည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ မဟာရသျှတ္တ ရာပြည်နယ်ရှိ သကြားစက်များ၏ သကြား ထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၂ ဒသမ  ၅၂၅ သန်းခန့်ဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ် အလားတူကာလတွင် တန်ချိန် ၃ ဒသမ ၃၇ သန်း ရှိခဲ့ေ ကြာင်း၊ အဆိုပါ ပြည် နယ်အတွင်းရှိ Kolhopur Sangli Satara နှင့် ပူနေးခရိုင်တို့ရှိ သကြားစက်များမှာ မိုးခေါင်ရေရှားမှုဒဏ်ကို ဆိုးရွားစွာ ခံစားရခြင်းမရှိဘဲ ယခင်နှစ် ထုတ်လုပ် နိုင်သည့်ပမာဏနီးပါး ထုတ်လုပ်နိုင်ခဲ့ ေ ကြာ င်း သိရှိရပါသည်။
        ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၏ သကြားထုတ်လုပ်နိုင်မှုပမာဏမှာ ယခင်နှစ် အလားတူကာလ ထုတ်လုပ်မှုထက် ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ၎င်းပြည်နယ်အတွင်းရှိ လုပ်ငန်း လည် ပတ်နေသော သကြား စက်ပေါင်း ၁၁၆ ခုနီးပါးက သကြား တန်ချိန် ၂ ဒသမ ၇၄ သန်းကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။ အိန္ဒိယနိုင်ငံတွင် လက်ရှိသကြား ရာသီ၏ ပထမဆုံးသုံးလပတ်ဖြစ်သည့်  ၂၀၁၆ ခုနှစ်၊ ေ အာက်တိုဘာလမှ ဒီဇင်ဘာလအတွင်း သကြားထုတ်လုပ်မှုပမာဏ သိသိသာသာလျော့ကျခဲ့ပြီး၊ ငွေစက္ကူတရားမဝင်ကြေညာသည့် အစီ အစဉ်၏ ဆိုးကျိုးများကိုလည်း အဓိကအားဖြင့် ကြုံတွေ့ခဲ့ရကြောင်း၊ အဆိုပါကာလအတွင်း သကြား ဝယ်လိုအား ပမာဏမှာလည်း တန်ချိန် သုည ဒသမ ၅ သန်းခန့်နီးပါး လျော့ကျခဲ့ကြောင်းIndian Sugar Mill Association (ISMA) က ပြောကြားထားပါသည်။ ကမ္ဘာပေါ်တွင် သကြားဒုတိယ အများဆုံးထုတ်လုပ် သူနှင့် သကြား အများဆုံး သုံးစွဲသူဖြစ်သည့် အိန္ဒိယ နိုင်ငံသည် ၂၀၁၆-၁၇ ရာသီတွင် သကြားတန်ချိန် ၂၃ ဒသမ ၄ သန်း ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသော် လည်း သကြားလုပ်ငန်းဆိုင်ရာ ပညာ ရှင်များကမူ ရာသီကုန်သည့် အချိန်တွင် သကြားထုတ်လုပ်မှုပမာဏမှာ တန်ချိန် ခြောက်သန်းမှ ခုနစ်သန်း ဝန်းကျင် လျော့နည်းနိုင်ကြောင်း ပြောကြားထား ပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages