ဥရောပနိုင်ငံအနှံ့အပြားနှင့် ဟောင်ကောင်တို့တွင် ပိုးသတ်ဆေးသင့်ကြက်ဥများ ပျံ့နှံ့ရောက်ရှိနေ

Thu, 08/17/2017 - 04:32 -- admin_ygn

        ဥရောပနိုင်ငံအနှံ့အပြားနှင့် ဟောင်ကောင်တို့တွင် ပိုးသတ်ဆေးသင့်ကြက်ဥများ ပျံ့နှံ့ရောက်ရှိနေကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဥရောပနိုင်ငံများတွင် ဖြန့်ချိလျက်ရှိသည့် ကြက်ဥများတွင် Fipronil ဟုခေါ်သည့် တိရစ္ဆာန်များတွင် တွယ်ကပ်တတ်သည့် သန်းများ သတ်ရာတွင် အသုံးပြုသည့် ပိုးသတ်ဆေးများကို ကြက်ဥပြုတ်များတွင် တွေ့ရှိရကြောင်း ဒိန်းမတ်နိုင်ငံမှ တာဝန် ရှိသူများကပြောကြားခဲ့သည်။ ဒိန်းမတ်နိုင်ငံတွင် အဆိုပါကြက်ဥ တန်ချိန် ၂၀ ကို ရောင်းချခဲ့ပြီးဖြစ်သည်ဟုဆိုသည်။
        အဆိုပါပိုးသတ်ဆေးသင့်ကြက်ဥများသည် နယ်သာလန် နိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့တွင်လည်း တွေ့ရှိခဲ့ရသည်။ ပြင်သစ်နိုင်ငံတွင် နယ်သာလန်နိုင်ငံမှ ဇူလိုင် ၁၁ ရက်မှ ၂၆ ရက်အတွင်း တင်သွင်းလာသည့် ကြက်ဥများတွင် ပိုးသတ်ဆေးသင့်ကြက်ဥများကို တွေ့ရှိခဲ့ရကြောင်း ပြင်သစ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ ကြက်ဥများတင်သွင်း လာ မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိပြီး ပိုးသတ်ဆေးသင့်ကြက်ဥများ မည်သည့်နေရာ သို့ရောက်ရှိနေသည်ကိုပါ စုံစမ်းရမည်ဖြစ်သည်ဟု ပြင်သစ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံတွင်လည်း နယ်သာလန်နိုင်ငံမှ တင်သွင်းလာသည့် ကြက်ဥခုနစ်သိန်းနီးပါးကို စစ်ဆေးခဲ့ရာ ပိုးသတ် ဆေးသင့်ကြက်ဥများ ပါဝင်နေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ဗြိတိန် Food Standard Agency က ထုတ်ဖော်ေြ ပာကြားခဲ့သည်။
           ဥရောပကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် AnnaKaisa Itkonenက ဆွီဒင်နှင့်ဆွစ်ဇာလန်နိုင်ငံတို့ရှိ ဈေးကွက်များတွင် ပိုးသတ်ဆေးသင့်ကြက်ဥများ မည်မျှရောက်ရှိနေပြီကို မသိရှိရသေးကြောင်း ပြောကြားခဲ့သ ည်။ ဘယ်လ်ဂျီယံနိုင်ငံမှ အာဏာပိုင်များက ၎င်းင်းတို့၏နိုင်ငံ များတွင် နယ်သာလန်နိုင်ငံမှ တင်သွင်းလာသည့် ကြက်ဥများတွင် Fipronil ပိုးသတ်ဆေးများ ပါဝင်နေကြောင်း ဇူလိုင် ၂၀ ရက် သိရှိခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်တွင် နယ်သာလန်နိုင်ငံသို့လည်း ကောင်း၊ ဇူလိုင် ၃၁ ရက်တွင် ဂျာမနီနိုင်ငံသို့ လည်းကောင်း အကြောင်းကြားခဲ့ကြောင်း Itkonen က  ပြောကြားခဲ့သည်။ အဆိုပါ ပိုးသတ်ဆေးသင့်ကြက်ဥများကို စားသုံးမိပါက အသည်းကင်ဆာဖြစ် ပွားနိုင်ပြီး လည်ပင်းကြီးရောဂါဖြစ်ပွားခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအတည်ပြုပြောကြားခဲ့သည်။ နယ်သာလန်နိုင်ငံမှ အဆိုပါပိုးသတ်ဆေးသင့်ကြက်ဥများ တင်ပို့ခဲ့သည့်ကုမ္ပဏီေ ပါင်း ၁၄၇ ခုကို ပိတ်သိမ်းခဲ့ကြောင်း နယ်သာလန် Food and Consumer Product Safety က ကြေညာခဲ့သည်။
 

 

မယ်သီတာ

International Trade News

Pages