အေအိုင်အိုင်ဘီက အဖွဲ့ဝင်အသစ် ၁၃ နိုင်ငံအား အတည်ပြုလက်ခံ

Wed, 04/05/2017 - 08:28 -- admin_ygn

        အေအိုင်အိုင်ဘီကို  ၂၀၁၆ ဇန်နဝါရီလက အဖွဲ့ဝင် ၅၇ နိုင်ငံနှင့် စတင်ထူထောင်ခဲ့ပြီး တစ်နှစ် အကြာတွင် နောက်ထပ်အဖွဲ့ဝင် အသစ် ၁၃ နိုင်ငံ အား လက်ခံရန် အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့က အတည်ပြုလိုက်ကြောင်း မတ်လ ၂၃ ရက်က ကြေ ညာခဲ့ပါသည်။ထိုအဖွဲ့ဝင်သစ်၁၃ နိုင်ငံမှာအာဖဂန် နစ္စတန်၊ အာမေးနီးယား၊ ဖီဂျီ၊ ဟောင်ကောင်၊အရှေ့ တီမော၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အီသီယိုးပီးယား၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ ပီရူး၊ ဆူဒန်နှင့် ဗင်နီ ဇွဲလား နိုင်ငံတို့ဖြစ်ပါသည်။ ၎င်းင်းတို့မှာ မိမိတို့၏ ပြည်တွင်း လုပ်ငန်းစဉ်များဆောင်ရွက်ဆဲဖြစ်ကြောင်း  သိရ ပါသည်။ ကနေဒါနိုင်ငံက  အေအိုင်အိုင်ဘီအပေါ် စိတ်ဝင်စားလာခြင်းသည် အာရှဒေသ၌  တရုတ် နိုင်ငံ၏ စီးပွားေ ရးနှင့်လူမှုရေးဖွံ့ဖြိုးမှုဆိုင်ရာ အားထုတ် ကြိုးပမ်းမှုကို ကမ္ဘာက  အသိအမှတ်ပြုလာ ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည့်အပြင် ဘဏ်ကို ငွေကြေးအားဖြင့် ယုံကြည်ခိုင်မာမှုကို ထောက်ခံ အားပေးခြင်းလည်းဖြစ်ကြောင်း၊ ချေးငွေ စီမံကိန်း များသည် လက်တွေ့ဖြစ်နိုင်ခြေရှိပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် အခြေခံအဆောက် အအုံ လုပ်ငန်းများဖွံ့ဖြိုးစေမည့်  အရည်အသွေးရှိ သည့် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးမည်ဖြစ်ကြောင်း အေအိုင်အိုင်ဘီက ပြောကြားပါသည်။ အမေရိ ကန် နှင့် ဂျပန်နိုင်ငံကို  အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရန်  ကြိုဆိုလျက်ရှိကြောင်း၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျနှင့်တောင်ကိုရီးယားတို့မှာ အေအိုင်အိုင်ဘီ၏ အဖွဲ့ဝင်များဖြစ်ကြောင်း သိရှိ ရပါသည်။  လက်ရှိတရုတ်နိုင်ငံ၏မဲပေးခွင့်မှာ ၂၇ ဒသမ ၈ ရာခိုင်နှုန်းရှိပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages