အိမ်နီးချင်းနိုင်ငံများနှင့် စွမ်းအင်ဆိုင်ရာ သံတမန် ဆက်ဆံမှုကို အိန္ဒိယနိုင်ငံက တွန်းအားပေးဆောင်ရွက်

Thu, 06/22/2017 - 03:56 -- admin_ygn

       တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ရပ်ဝန်းနှင့်တစ်ခုတည်းသော လမ်းမကြီး (OBOR) စီမံကိန်းသို့ ပါဝင်ဆောင်ရွက်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် လျှပ်စစ်/ဓာတ် ငွေ့ကွန်ရက် ချိတ်ဆက်မှုကို သိမ်ေ မွ့စွာ ဆောင်ရွက်နေပြီး၊ စွမ်းအင်ကဏ္ဍအား ပူးပေါင်းဆောင်ရွက်ရာ၌ ရုပ်ပိုင်းချိတ်ဆက်မှုကို ကျော်လွန်၍ နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ပိုမိုကောင်းမွန်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်မှု"စွမ်းအင်ဆိုင်ရာ သံတမန် ဆက်ဆံ မှု (Energy diplomacy) အနေအထားအထိ တိုးတက်မျှော်မှန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။ အိန္ဒိယသည် အင်ဒိုနီးရှားနိုင်ငံမှသည် မောရေးသျှနိုင်ငံအထိ စွမ်းအင်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုကွန် ရက်ကိုေ ဆာင်ရွက်နေပြီး နိုင်ငံ၏အနေအထားအား ရေနံထွက်ကုန်ပစ္စည်းပေါ ကြွယ်ဝပြီး၊ အရှိန်အဝါရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံများအကြား နည်းပညာမျှဝေခြင်းနှင့် အပြန်အလှန် မှီခိုအားပြုနေရသည့် အနေ အထားတို့ကို ဖန်တီးတည် ဆောက်လျက်ရှိကြောင်း၊ စွမ်းအင်စီမံကိန်းများကို ဆောင်ရွက်ရာ၌ ပြည်ပ နိုင်ငံများမှ ဟိုက်ဒရိုကာဗွန်အရင်းအမြစ် ရရှိရေးအတွက်သာမက သံတမန် ဆက်ဆံရေး ရှုထောင့်အရလည်း ထည့် သွင်းစဉ်း စားဆောင်ရွက်ရန် ကြိုးစားနေကြောင်း အိန္ဒိယစွမ်းအင်ဝန်ကြီး Dharmendra Pradhan က ပြောကြား ခဲ့ပါသည်။
      အခြေခံ အဆောက်အအုံများ စတင်တည်ဆောက်နေသည့်  အိန္ဒိယ နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာအတွင်း တည်ရှိနေသည့် အရင်းနှီးဆုံး မိတ်ဖက် နိုင်ငံဖြစ်သည့် မောရေးသျှသည် ၎င်း၏ရေနံ သိုလှောင်ရာ အဓိကအချက်အ ချာ နေရာတစ်နေရာ ဖြစ်လာနိုင်ကြောင်း၊ ထို့ပြင် အိန္ဒိယသည် မန်ဂလိုမြို့ရှိ ရေနံ သန့်စင်စက်ရုံမှ  မောရေးသျှနိုင်ငံသို့ ရေနံထွက်ကုန်ပစ္စည်းများ ပေးပို့ ထောက်ပံ့လျက်ရှိသကဲ့သို့ မောရေးသျှ နိုင်ငံအတွင်း လက်လီအရောင်းအ ဝယ် ပြုလုပ်မှုများကိုလည်း အိန္ဒိယလုပ်ငန်းများက ဆောင်ရွက်လျက်ရှိကြောင်း၊ မောရေးသျှနိုင်ငံအနေဖြင့် စွမ်းအင်လုံလောက်လာသည့်  အချိန်တွင်လည်း အိန္ဒိယအနေဖြင့် အဆိုပါအခြေခံ အဆောက်အအုံများအား အာဖရိက သို့ စွမ်းအင်တင်ပို့ရန်အတွက် ကြားခံနေရာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ၏ အခြားတစ်ဖက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံနှင့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုတစ်ခု ကို စတင်ဆောင် ရွက်လျက်ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ဟိုက်ဒရိုကာဗွန် အရင်းအမြစ် ပေါကြွယ်ဝသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ရာ နိုင်ငံအတွင်းရှိ ထောင်ပေါင်းများစွာသော ကျွန်းများသို့ စွမ်းအင်ထောက် ပံ့ပေးဝေနိုင်ရန်အတွက် ရေပေါ်စွမ်းအင်သို လှောင်ကန်နှင့် ဓာတ်ငွေ့ထုတ်လုပ်သည့်  စက်ရုံများ တည်ဆောက်မည့် စီမံကိန်းသစ်ကို အိန္ဒိယနိုင်ငံက ဆောင်ရွက်လျက်ရှိကြောင်း၊ အပြန်အလှန် အနေဖြင့် အိန္ဒိယနိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးယာဉ်များအတွက် အင်ဒိုနီး ရှားနိုင်ငံမှ LNG ဓာတ်ငွေ့အိုးများကို ထောက်ပံ့ပေးရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။ ထိုမျှသာမက အင်ဒိုနီးရှားနိုင်ငံရှိ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံမှ ဓာ တ်ငွေ့စက်ရုံများအား  အင်ဒိုနီးရှား နိုင်ငံသို့ ရွှေ့ပြောင်းရန်၊ အိန္ဒိယနိုင်ငံ၏ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် LEDs မီးလုံး အသုံးပြုမှု အတွေ့အကြုံများအား အင်ဒိုနီးရှားနိုင်ငံသို့ မျှဝေပေးရန်၊ လောင်စာဆီမှာ ဓာတ်ငွေ့ပြုလုပ်သည့် နည်း ပညာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးရှာဖွေရေးတို့တွင် အင်ဒိုနီးရှားနိုင်ငံ၏  အတွေ့အကြုံ ပညာရပ်များအား မျှဝေရန်စသည့် စွမ်း အင်ဆိုင်ရာ နယ်ပယ်များစွာ၌ ပူးပေါင်း ဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူညီပြီးြ ဖစ်ကြောင်း သိရှိရပါသည်။
        အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေ ဖြင့် စွမ်းအင်အရင်းအမြစ် ရရှိနိုင်မှုမှာ လုံလောက်နိုင်ကြောင်း၊သို့ရာတွင်  မြန်မာနိုင်ငံမှထွက်ရှိသည့် ဓာတ်ငွေ့၏ ၈၀ ရာခိုင်နှုန်းနီးပါးအား တရုတ်နိုင်ငံမှ ရယူထားကြောင်း မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံသည်အာသံပြည်နယ် အတွင်းရှိ Numaligarh ရေနံချက်စက် ရုံမှ မြန်မာနိုင်ငံသို့ ဒီဇယ်များ ထောက် ပံ့ရောင်းချလျက်ရှိကြောင်း၊ သို့ရာ တွင်  အိန္ဒိယသည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၌ LNG Terminal တစ်ခုတည် ဆောက်ရန် ကြိုးစားနေကြောင်း၊ အဆိုပါ Terminal အား မြန်မာနိုင်ငံအတွင်းသို့ ရေနံထွက် ကုန်ပစ္စည်းများ ပေးပို့ရန်အတွက်သာ မက ကုလားတန်   ဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းပြီးစီးသည်နှင့် တစ်ပြိုင်နက် မီဇိုရမ်ပြည်နယ်၊ Aizawl သို့လည်း LNG ဓာတ်ငွေ့များ ပေးပို့ ထောက်ပံ့ရန်အတွက်ပါ အသုံးပြုလာ နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုမျှသာမက အိန္ဒိယ က အောင်မြင်ခဲ့သည့်တင်ဒါတစ်ခုအား တပ်မတော် အစိုးရက ခွင့်ပြုခဲ့ပြီး  လက်ရှိအစိုးရ လက်ထက်တွင် ဖျက်သိမ်းခဲ့သော်လည်း မြန်မာနိုင်ငံတွင်  LPG ဓာတ်ငွေ့ သို လှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း များကို ရရှိရန် ဆက်လက်ကြိုးစားနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါသည်။
         ထိုမျှသာမက လတ်တလော သီတင်းပတ်များ အတွင်း၌လည်း အိန္ဒိယနိုင်ငံသည် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက်များကို အလုံးအရင်းဖြင့် ဆောင်ရွက်ခဲ့ေ ကြာင်း၊   သီရိလင်္ကာနိုင်ငံရှိ ထရင်ကိုမာလီဆိပ်ကမ်းရှိ စွမ်းအင်သို လှောင်ကန်ကိုလည်း အိန္ဒိယနိုင်ငံအနေ ဖြင့် အပြည့်အဝ  အသုံးချလာနိုင်ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့်လည်း အိန္ဒိယနိုင်ငံမှ ၁၀၀၀ မီဂါဝပ်လျှပ်စစ် ဓာတ် အားကို ရယူအသုံးပြုနေပြီဖြစ် ကြောင်း၊ နီပေါနိုင်ငံနှင့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာလည်း    အချိန် အတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခု အခါ နီပေါနိုင်ငံနှင့် လျှပ်စစ်စွမ်းအင် သာမက  ရေနံပိုက်လိုင်းစီမံကိန်းများ ကိုလည်း ဆောင်ရွက်ရန် သဘောတူညီ ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages