အိန္ဒိယနိုင်ငံ၌ လျှပ်စစ်စွမ်းအင်သုံး နှစ်ဘီးတပ်နှင့် သုံးဘီးတပ်မော်တော်ယာဉ်များ ထုတ်လုပ်ရန် ဆောင်ရွက်မည်

Thu, 08/22/2019 - 06:24 -- admin_ygn

      အိန္ဒိယနိုင်ငံ အစိုးရ၏မူဝါဒ ရေးရာ ဉာဏ်ကြီးရှင်များအဖွဲ့အစည်း (Policy Think Tank) ဖြစ်သော NITI Aayog ၏ ပဉ္စမအကြိမ် အုပ်ချုပ်မှုကောင်စီ အစည်းအဝေးအား ၁၅-၆-၂၀၁၉ ရက် တွင်ကျင်းပရာ သဘာပတိဥက္ကဋ္ဌ အဖြစ် ဝန်ကြီး ချုပ်နာရင်ဒရာမိုဒီ တက်ရောက် ခဲ့သည်။ ၎င်းအစည်းအဝေးတွင် ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းတွင် နှစ်ဘီးတပ်နှင့် သုံးဘီးတပ်ယာဉ်ငယ်များအားလုံးအား လျှပ်စစ်ဓာတ်အားသုံးယာဉ်များအဖြစ်သာ ထုတ်လုပ်ရောင်း ချရန် အဆိုပြု ချက်ကို တင်သွင်းခဲ့ကြသည်။ ယခင်က NITI အဖွဲ့အစည်း၏ အမှုဆောင် အရာရှိ ချုပ် Amitabh Kant က အင်ဂျင်စွမ်းအား ၁၅၀ စီစီအောက်ရှိသော စက်တပ်ယာဉ် များကို ၂၀၂၅ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အား သုံးယာဉ်များ (Electric Vehicles) အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချ သင့်ကြောင်း ပြောဆိုခဲ့ရာ ယခုအခါ အစိုးရအဖွဲ့၌ မှတ်တမ်းဝင် တင်ပြချက် ဖြစ်လာသည်။

   ကုန်းလမ်းပို့ဆောင်ရေးနှင့် အမြန် လမ်းမကြီးများ ဝန်ကြီးဌာနကလည်း ဒီဇယ်နှင့် ဓာတ်ဆီ လောင်စာသုံး မော် တော်ယာဉ်များ ရောင်းချမှုကို ၂၀၃၀ ခုနှစ်အပြီး တဖြည်းဖြည်းချင်း လျှော့ချ လျက် ရပ်ဆိုင်းသွားရေး မူဘောင် တစ်ရပ် ရေးဆွဲရန် အဆိုပြုခဲ့သည်။ NITI Aayog အဖွဲ့အစည်း၏ အဆိုပြုတင်ပြ ချက်အရ သုံးဘီးမော်တော်ဆိုင်ကယ် များအား ၂၀၂၃ ခုနှစ်မှစ၍ လည်းကောင်း၊ အင်ဂျင်စွမ်းအား ၁၅၀ စီစီအောက် နှစ်ဘီးတပ် ဆိုင်ကယ်များ အား ၂၀၂၅ ခုနှစ်၌လည်းကောင်း လျှပ်စစ်စွမ်းအင် သုံး မော်တော်ယာဉ်များအဖြစ်သို့ ထုတ် လုပ်ရောင်းချရေး လမ်းပြမြေပုံချမှတ် ဆောင်ရွက်ရန်ဖြစ်သည်။ မော်တော်ယာဉ်ငယ်များအား မောင်းနှင်မှု စွမ်းအားစနစ်အသစ်သို့ ပြောင်းလဲဖော်ဆောင်ရန် အစီရင်ခံ တင်ပြခြင်းအပေါ် အိန္ဒိယနိုင်ငံအတွင်း ရှိ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်မှ ကုမ္ပဏီများစွာက ကန့်ကွက် ပြောဆိုမှုများရှိနေသည်။ အထူးသဖြင့် Confederation of Indian Indusrty (CII) နှင့် Society of Indian Auto-mobile Manufacturers (SIAM)တို့မှ အဖွဲ့ဝင်လုပ်ငန်းရှင်များက လက်တွေ့မဆန်သည့် ပြုပြင်ပြောင်းလဲရေး အချိန် သတ်မှတ်ချက်သည် နှစ်ဘီးနှင့် သုံးဘီး တပ်မော်တော်ယာဉ် သုံးစွဲသူများအား အဆင်မပြေ ဘဝင်မကျမှုများ ဖြစ်ပေါ် စေမည့်အပြင် အလုပ်အကိုင် လေးသန်း ကျော်အား ထောက်ပံ့ပေးလျက်ရှိသည့် အိန္ဒိယမော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းကို လမ်းကြောင်းသွေဖယ်သွား စေနိုင်ကြော င်း၊ သင့်လျော်မည့် အသွင် ကူးပြောင်းဆောင်ရွက်မှုတစ်ရပ်မှာ မော် တော်ယာဉ်အုပ်စုအားလုံးအတွက် ပျမ်းမျှလောင်စာဆီ အကျိုးရှိစွာ သုံးစွဲမှု ကို တိုးတက်မှုရှိစေသည့် သတ်မှတ်ချက် များအား ပြဋ္ဌာန်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သူ များအနေဖြင့် အစိုးရ၏ လျှပ်စစ်စွမ်း အားသုံး မော်တော်ယာဉ်များသို့ ပြောင်း လဲရန် ရှေးရှုခြင်းကို ထောက်ခံသော် လည်း လောင်စာဆီသုံး မော်တော်ယာဉ် များအပေါ် ပြင်းထန်သည့် ထိုးနှက်ချက် တစ်ခုဖြစ်မည်ကို   မလိုလားကြောင်း ပြောဆိုလျက်ရှိသည်။

      အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ် အတွင်း   ပြည်တွင်းဈေးကွက်အတွက် သုံးဘီးဆိုင်ကယ် ခုနစ်သိန်းနှင့် ၁၅၀ စီစီ အောက် နှစ်ဘီးဆိုင်ကယ်  ၁၉ သန်း ထုတ်လုပ်ခဲ့ကြောင်း လေ့လာေ တွ့ရှိရ သည်။ နိုင်ငံအတွင်း သုံးဘီးမော်တော် ဆိုင်ကယ်များ ထုတ်လုပ်လျက် ရှိသော အီတလီကုမ္ပဏီဖြစ်သည့် Piaggio က ၎င်းတို့အနေဖြင့် လျှပ်စစ်ဓာတ်အားသုံး ယာဉ်စနစ် သို့ ပြောင်းလဲထုတ်လုပ်ရန် မှာ  နည်းပညာများ   ရှိနှင့်နေပြီးဖြစ် ကြောင်း၊ သို့ရာတွင် ယခု အသွင်ကူး ပြောင်းရေးမှာ သုံးစွဲသူများကသာ အဆုံးအဖြတ် ပေးရမည့်ကိစ္စဟု ယူဆကြောင်း၊ နည်းပညာရှုထောင့်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တို့အရဆိုလျှင် လျှပ်စစ်ဓာတ်အား သုံးယာဉ်အဖြစ် သုံးဘီး မော် တော်ဆိုင်ကယ်က နှစ်ဘီးတပ်ယာဉ် ထက် ပိုမို သင့်လျော်ကြောင်း ပြောကြား သည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့