အမေရိကန်၏ GSP သက်သာခွင့် ရပ်ဆိုင်းမှုမှာအရေးကြီးသည့်ကိစ္စမဟုတ်ဟု အိန္ဒိယ ကုန်ုန်သွယ်ရေး ဝန်ကြီး ပြော

Fri, 08/16/2019 - 04:41 -- admin_ygn

     အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ကုန်စည်များအပေါ် ပေးအပ်ထားသည့် Generalized System of Preferences(GSP) ခေါ် သွင်း ကုန်အခွန် သက်သာခွင့်အား ၅-၆-၂၀၁၉ ရက်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ် သည်။ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က နိုင်ငံတိုင်းသည် မိမိတို့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြသည် ဖြစ်၍ အမေရိကန်နိုင်ငံ၏ ယခုလုပ်ဆောင်ချက်ကို လက်ခံရမည်ဖြစ်ကြော င်း၊ လတ်တလော အချို့သောနယ်မြေဒေသများနှင့် လုပ်ငန်းကဏ္ဍများအပေါ် ရာခိုင်နှုန်းအနည်းငယ်မျှ သက်ရောက်မှုရှိနိုင်မည်ဖြစ်သော်လည်း အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များအတွက် လွန်စွာအရေးကြီးသည့်ကိစ္စရပ် မဟုတ်ေ ကြာင်း၊ ထို့အပြင် အိန္ဒိယသည် ယင်းသို့သော အထောက်အပံ့ကိုရယူလျက် ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံအဖြစ် ရေရှည်ရပ်တည်လိမ့်မည်မဟုတ်ကြောင်း၊ မိမိတို့၏ နှိုင်းရအားသာချက်များ ခိုင်မာအားကောင်းမှု အပေါ်မှ ပို့ကုန် လုပ်ငန်းများတွင် ယှဉ်ပြိုင်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ပြည်တွင်းရှိ လုပ်ငန်းရှင် များအနေဖြင့်လည်း အစိုးရ၏ အထောက်အပံ့များအပေါ် မှီခိုအားထားခြင်း မပြုဘဲ ကိုယ်ပိုင်အစွမ်းဖြင့် ယှဉ်ပြိုင်ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ၆-၆-၂၀၁၉ရက် အိန္ဒိယအစိုးရ၏ ကုန် သွယ်မှုကောင်စီ ဘုတ်အဖွဲ့အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

      အမေရိကန်အစိုးရက ¤င်းတို့၏အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုမှာ ဟန်ချက် ညီမျှမှုမရှိကြောင်း၊ အထူးသဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဆေးပစ္စည်းကိရိယာ များ ကဲ့သို့သော အမေရိကန်နိုင်ငံ၏ ထုတ်ကုန်များသည် အိန္ဒိယဈေး ကွက်သို့ ဝင်ရောက် နိုင်မှုမရှိကြောင်း ထောက်ပြလျက် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ဈေးကွက်သို့ အမေရိကန်ကုန်စည်များ သင့်တင့်မျှတစွာ ဝင်ရောက်နိုင်ရေး ဆောက်ရွက်မှု မရှိပါက ပေးအပ်ထားသည့် GSP သက်သာခွင့်ကို ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ကို ရက်ပေါင်း ၆၀ ကြိုတင်၍ ၂၀၁၉ ခုနှစ် မတ် ၄ ရက်က ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိန္ဒိယနိုင်ငံမှတင်ပို့ လာသည့် ကုန်စည်များအပေါ် GSP သက်သာခွင့်ကို ဇွန် ၅ ရက်မှ စတင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၃၁-၅-၂၀၁၉ ရက်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

     အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံမှ GSP  အခွင့်အရေးပေးထားသည့် နိုင်ငံများအနက် ပို့ကုန်ပမာဏအရ အကျိုးဖြစ်ထွန်းမှုအရှိဆုံးနိုင်ငံဖြစ်ပြီး ယခင်နှစ်ကာလ၌ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ ပို့ကုန် များအတွက် အခွန်သက်သာမှုဒေါ်လာ ၂၆၀ သန်းခန့် ရရှိခဲ့သည်။ US Trade Representative ၏ စာရင်းများ အရ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံသို့ တန်ဖိုးဒေါ်လာ ၅၄ ဒသမ ၄ ဘီလီယံခန့်ကုန်စည် တင်ပို့ ခဲ့ပြီး၊ အမေရိကန်နိုင်ငံထံမှ ကုန်တင်သွင်းမှုမှာ ဒေါ်လာ ၃၃ ဒသမ ၁ ဘီလီယံ ခန့်ရှိကြောင်း သိရှိရသည်။ အမေရိကန်၏ GSP သက်သာခွင့်ရပ်ဆိုင်းခြင်းမှ သက်ရောက်မှုအနည်း ငယ်မျှ သာရှိမည်ဟု အိန္ဒိယအစိုးရက ဆိုသော်လည်း ပို့ကုန်လုပ်ငန်းရှင်အချို့ ကမှု လုပ်ငန်းများ ခက်ခဲစွာ ယှဉ်ပြိုင်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ အသင်းချုပ် FIEO ၏ ၁-၆-၂၀၁၉ နေ့ သတင်းထုတ်ပြန်ချက်တွင် စီးပွားရေးအတိုင်းအတာအရ မေခရိုအဆင့်၌ သက်ရောက်မှု နည်းပါးသော်လည်း GSP မှ အကျိုးဖြစ်ထွန်းမှု ၃ ရာခိုင်နှုန်းထက် ပိုမိုရရှိနေသည့် လုပ်ငန်းနယ်ပယ်များအတွက် အခက်အခဲဖြစ်စေ ကြောင်း၊ အထူးသဖြင့် လက်ဝတ် ရတနာ (ပျမ်းမျှ အကျိုးဖြစ်ထွန်းမှု ၆ ဒသမ ၉ ရာခိုင်နှုန်း၊ သားရေထည် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဆေးဝါးနှင့် ခွဲစိတ်ကိရိယာ ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ပလတ်စတစ်နှင့် ဓာတုပစ္စည်း ၄ ဒသမ ၈ ရာခိုင်နှုန်း နှင့် အခြေခံနှင့်ပြုပြင်ပြီး လယ်ယာထွက်ကုန်များ ၄ ဒသမ ၈ ရာခိုင်နှုန်းတင်ပို့ သည့် လုပ်ငန်းများကို ထိခိုက်မှုရှိကြောင်း ဖော်ပြထားသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး

နယူးဒေလီမြို့